ကော့ကရိတ်-မြဝတီအာရှလမ်းမှာ ခရီးသည်တင် Expressယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်း (တောင်ပေါ်လမ်းသစ်) ရင်ကွဲတောင်အဆင်းမှာ နိုဝင် ဘာလ၇ရက်မနက် ၁၀နာရီ၂၀မိနစ်က ရန်ကုန်-ဘားအံ-မြဝတီ ပြေးဆွဲနေတဲ့ ခရီးသည်တင်Expressယာဥ်တစ်စီးဟာ အင်ဂျင်ခန်းအပူလွန်ကာ ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo- သဃ်န်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ခရီးသည်တင်ဟာ နိုဝင်ဘာလ ၆ ရက် ညနေ၅နာရီက ရန်ကုန်ကနေ ထွက်ခွာလာတဲ့ ယာဥ်ဖြစ်ပြီး ယာဥ်ပေါ်မှာ ခရီးသည် အမျိုးသား၆ဦးနဲ့အမျိုးသမီး ၄ ဦးလိုက်ပါစီးနင်းလာတယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ယာဥ်ပေါ်လိုက်ပါလာတဲ့ ယာဥ်မောင်း၊ယာဥ်အကူနဲ့ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့တာ မရှိခဲ့ဘဲ ယာဥ်ပေါ်ပါ ကုန်ပစ္စည်းများ၊ခရီးဆောင်အိတ်များနဲ့ယာဥ်တစ်စီးလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *