ကော့ကရိတ်မြို့အနီးမှာ စစ်တပ်နဲ့ KNLAပူးပေါင်းတပ်တွေအကြား တိုက်ပွဲများပြင်းထန်နေ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့အနီးမှာ ဒီဇင်ဘာလ ၁ ရက်နေ့မနက်ပိုင်းမှ စတင်ပြီး စစ်တပ်နဲ့ KNLAပူးပေါင်းတပ်တွေအကြား တိုက်ပွဲများပြင်းထန်နေတယ်လို့ ဒေ သခံတွေဆီက သိရပါတယ်။

တိုက်ပွဲတွေဟာ ကော့ကရိတ်မြို့ပြင်မှာသာမကဘဲ မြို့ တွင်းမှာရော ဖြစ်ပွားနေတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးမယ့် ပရဟိတအသင်းတွေအနေနဲ့ ဘာမှလုပ်ပေးလို့ မရသေးဘူးလို့ သိရပါတယ်။

တိုက်ပွဲများကြောင့် ကော့ကရိတ်မြို့တွင်းမှာ ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မနက်ပိုင်းကတည်းက ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ ညနေပိုင်းရောက်တဲ့အထိ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *