စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့ပေါ်မှာ နိုဝင် ဘာလ၃ရက်နေ့မနက်ပိုင်းက စတင်ပြီး စစ်တပ်နဲ့လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲများဖြစ်ပွားနေပြီး ကောလင်းရဲစခန်းကျသွားတယ်လို့ သတင်းထွက်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနက်အစောကြီးကတည်းက သေနတ်သံတွေ ပေါက် ကွဲသံတွေ ကြားနေရတယ်။တချို့လူတွေကတော့ မြို့ပေါ်ကနေ ထွက်ပြေးသွားပြီ”လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ကောလင်းဒေသခံတစ်ဦးကလည်း”မြို့ထဲမှာ ပိတ်မိနေတဲ့သူတွေ ရှိလောက်သေးတယ်။ခုလိုကြီး မြို့ပေါ်မှာ တိုက်ပွဲဖြစ်တာကို မကြုံဘူးဖူး။ကောလင်း၊ကန့်ဘလူနဲ့ချပ်သင်းတို့ကို ဝင်တိုက်မယ်ဆိုတဲ့ အသံတွေကြားနေရတယ်”လို့ ပြောပါတယ်။
ကောလင်းမြို့မှာ ဖြစ်တဲ့တိုက်ပွဲကတော့ KIA ၊ AA နဲ့ ကောလင်းPDFတို့ ပူးပေါင်းပြီး စစ်တပ်ကိုလာတိုက် တာလို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သတင်းတွေ ပျံနှံ့နေပါတယ်။
Visited 2 times, 1 visit(s) today