ကောလင်းခရိုင်မြို့ သိမ်းပိုက်ခံလိုက်ရ

၆ နိုဝင်ဘာ၊၂၀၂၃

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် မြို့တော်၊ ကောလင်းမြို့ကိုNUG၊PDF၊ပကဖနဲ့မဟာမိတ်တပ်သားတွေက ကောလင်း ခရိုင် ကွပ်ကဲရေး ဦးဆောင်မှုနဲ့ ဒီကနေ့ နိုဝင်ဘာလ (၆) ရက်နေ့မှာ သိမ်းပိုက် ရရှိခဲ့ကြောင်းနဲ့ အလံတော် လွှင့်ထူလိုက်တယ်လို့ NUGသတင်းတွေကဖော်ပြထားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်တွေကစလို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး မကွေးတိုင်း၊ ဂန်ဂေါမြို့နယ်ရှိ စစ်တောင်ခင်ရန်းရဲစခန်းကို ကျောင်းသားတပ်မတော် ABSDF စစ်ကြောင်း(၃)က သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။

တောင်ခင်ရန် ရဲစခန်းကို ABSDF အမှတ် ၁၂ တပ်ရင်းနဲ့ မဟာမိတ် PDF တပ်ရင်းတွေကနိုဝင်ဘာ ၁ ရက်မှစတင် ထိုးစစ်ဆင်တိုက်ခိုက်နေကြတာပါ။

နိုဝင်ဘာ ၃ ရက်ကလည်း ဂန့်ဂေါမြို့နယ်ရှိ မင်းရွာရဲစခန်းသိမ်းပိုက်ခံထားရပါတယ်။

ရှမ်းမြောက်မှာလည်း မြို့အချို့နဲ့ စခန်းတွေ သိမ်းပိုက်ခံလိုက်ရပြီး အတော်လေးလှုပ်ခတ်နေပါတယ်။

စစ်တပ်ဘက်ကတော့ ဘာသတင်းမှ မထုတ်ပြန်သေးပါဘူး။

Visited 41 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *