ဇူလိုင် ၂၁ရက် နံနက်ပိုင်းမှာ ဝန်ကြီးချုပ်ဟောင်းဟွန်ဆင်ရဲ့သား အသက်၄၅နှစ် အ ရွယ် ကမ္ဘောဒီးယားဝန်ကြီးချုပ်လောင်း ဟွန်မာနက်ဦးဆောင်တဲ့ စီပီပီပါတီ မဲဆွယ် စည်းရုံးရေး ယာဉ်တန်းရှည်ကြီးဟာ ဖနွမ်း ပင်မြို့လယ်က စိန်ကျွန်းရပ်ကွက်ထဲပတ်ပြီး စီတန်းလှည့်လည်ကြတယ်။
မိမိတို့ကမ္ဘောဒီးယားနိုင်ငံ ဘေးရန်ကင်းပြီးအေးချမ်းတည်ငြိမ်စေဖို့ ကမ္ဘောဒီးယား ပြည်သူ့ပါတီကသာ စွမ်းဆောင်ပေးနိုင်ခဲ့တာ သမိုင်းက သက်သေခံနေတယ်လို့ အားပေးထောက်ခံသူတွေကို ကားပေါ်ကနေအသံချဲ့စက်နဲ့ပြောတယ်။
ဖခင်ဟွန်ဆန့်ရဲ့အာဏာကို ဆက်ခံမယ့် ဟွန် မာနက်ဟာ ကြယ်လေးပွင့်အဆင့်ရှိတဲ့ဗိုလ်ချုပ်ကြီးအဖြစ် တပ်ထဲမှာတာဝန်ထမ်းဆောင်ပြီးတဲ့နောက် နိုင်ငံရေးဖက်ကို ကူးပြောင်းလာခဲ့သူဖြစ်တယ်။
၁၈ပါတီပါဝင်ယှဉ်ပြိုင်မယ့် ဇူလိုင်၂၃ရက် ကမ္ဘောဒီးယားရွေးကောက်ပွဲအတွက် အင် အားအကြီးမားဆုံး အာဏာရကမ္ဘောဒီးယားပြည်သူ့ပါတီအတွက် သူတက်တက်ကြွကြွ မဲဆွယ်နေတာဖြစ်တယ်။
ဝန်ကြီးချုပ်ဟွန်ဆန်ဦးဆောင်တဲ့အစိုးရဟာ အဓိကအတိုက်အခံ ကမ္ဘောဒီးယားကယ်ဆယ်ရေးပါတီကို လွန်ခဲ့တဲ့နှစ်က ဖျက်သိမ်းပစ်လိုက်တယ်။ ဒီနှစ်မတ်လထဲမှာ အဲဒီပါတီ ရဲ့ခေါင်းဆောင် ကင်မ်ဆိုခါကို နိုင်ငံတော် ပုန် ကန်မှုနဲ့ပစ်မှုထင်ရှားစီရင်ပြီး နေအိမ် အ ကျယ်ချုပ် ၂၇နှစ်ပြစ်ဒဏ်ချမှတ်ခဲ့တယ်။
ဝန်ကြီးချုပ်အဖြစ်နှစ်ပေါင်း (၄၀)နီးပါး ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ အသက်(၇၀) အရွယ်ဟွန်ဆန်ဟာ သားဖြစ်သူ ဟွန်မာနက် ကို အာဏာလွှဲပြောင်းဆက်ခံနိုင်စေဖို့ တခြား အတိုက်အခံဖယောင်းတိုင်အလင်းရောင်ပါတီကိုလည်း အခုလာမယ့်ရွေးကောက်ပွဲ မ ဝင်နိုင်အောင် ပိတ်ပင်တားမြစ်ထားပြီး ဖြစ် တယ်။
ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ်လူကြိုက် များခဲ့တဲ့ ပီတာ့ကို အမေရိကန်မှာ ပညာသင် ယူခဲ့တဲ့ ဟားဗတ်တက္ကသိုလ်ဆင်းလို့ သ တင်းမီဒီယာတွေမှာ မီးမောင်းထိုးပြီး ဖော်ပြ ခဲ့ကြပေမယ့် ဟွန်မာနက် အမေရိကန်မှာ ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့ရခဲ့ပြီး အင်္ဂလန် ကနေ ဘောဂဗေဒ ပါရဂူဘွဲ့ယူခဲ့တာ သိသူ နည်းကြတယ်။
Ref: Bangkok Post