ကေပေါ့ပ်အဖွဲ့ Blackpink ရဲ့  သီချင်းသစ် Pink Venom ဂီတဗီဒီယို ထွက်ရှိလာ  နှစ်နာရီအတွင်း ကြည့်ရှုသူ ၁၄ သန်းကျော်သွား

 တောင်ကိုရီးယားက  နာမည်ကြီးမိန်းကလေး ကေပေါ့ပ် Blackpink အဖွဲ့

ဩဂုတ် ၂၇၊ ဆိုးလ်

တောင်ကိုရီးယားက  နာမည်ကြီးမိန်းကလေး ကေပေါ့ပ် Blackpink ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ ဂီတဗီဒီယို  Pink Venom ကို ပြီးခဲ့တဲ့  သောကြာ (သြဂုတ် ၁၉ ရက်) နေ့က ဖြန်ချိခဲ့ပါတယ်။ ဒါဟာ သူတို့ အဖွဲ့ရဲ့ နှစ်နှစ်နီးပါးအတွင်းမှာ  ထွက်လာတဲ့ ပထမဆုံး စင်ဂယ် ဖြစ်ပြီး ကိုးလကြာကမ္ဘာလှည့် ဖျော်ဖြေမယ့် သူတို့ အဖွဲ့ရဲ့ ပွဲစဥ်တွေ မတိုင်မီ  အချိန်ကိုက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဒီသီချင်းဗီဒီယိုထွက်ရှိလာချိန်မှာလည်း နှစ်နာရီအတွင်း ကြည့်ရှုသူ ၁၄ သန်းကျော်သွားတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒါ့ထက်ပိုလို့ လာမယ့် ၂၀၂၂ စက်တင်ဘာမှာ ထွက်မယ့် သူတို့အဖွဲ့ အယ်လ်ဘမ်အသစ်ရဲ့  နမူနာဗီဒီယိုကိုလည်း ယူကျု့ဘ်မှာ ကြည့်ရှုသူက သန်း ၁၃၀ ကျော်ရှိနေပြီလည်း ဖြစ်ပါတယ်။

Blankpink အဖွဲဝင်တွေဖြစ်ကြတဲ့ ဂျီဆူး၊ ဂျင်းနီ၊ ရို့စ်နဲ့ လီစာ တို့အတွဲက ၂၀၁၆မှာ စ ပွဲဦးထွက်ခဲ့တာဖြစ်ပြီး အချိန်တိုအတွင်းပဲ ကမ္ဘာကျော်ခဲ့တဲ့ အဖွဲ ဖြစ်လာခဲ့ပါတယ်။ ဒီ့နောက်မှာလည်း ကမ္ဘာကျော် ပေါ့ပ်စတားတွေ ဖြစ်တဲ့ လေဒီ ဂါဂါ၊ ကာဒီ ဘီနဲ့ ဒူအာ လီပါ တို့နဲ့လည်း ပူးပေါင်းဖန်တီးမှုတွေ လုပ်ပြနိုင်ခဲ့ ကြပြန်ပါတယ်။

သူတို့ရဲ့ သီချင်းတွေထဲက “Kill This Love” သီချင်းကလည်း ခုဆို ယူကျုဘ့် ကြည့်ရှုမှု တစ်ဘီလီယံကျော်ကို ဖမ်းစားထားနိုင်ခဲ့ပြီ ဖြစ်ပေမဲ့ အဖွဲ့၀င်တွေကတော့  ပြီးခဲ့တဲ့ ကာလတွေတစ်လျှောက် တစ်ကိုယ်တော် အယ်လဘမ်တွေ ထုတ်ဖို့ဘက်ကို ပိုပြီး စိတ်ရောက်နေပြီး တစ်ယောက်နဲ့ တစ်ယောက် ခဏဝေးကွာမှန်းမသိ ဝေးကွာ နေခဲ့ကြပါသေးတယ်။

 ဒီ့အတွက် “အချိန်အတော်ကြာပြီးနောက်မှာမှ  ပြန်ဆုံဖြစ်တာကို ပေါ်လွင်အောင်လို့  ဒီသီချင်းဗီဒီယို နာမည်ကို ‘Pink’ နဲ့ ‘Venom’ ဆိုတဲ့ ဆန့်ကျင်ဘက်စကားလုံးနှစ်လုံးကို ပေါင်းစပ်ထားတာ ” လို့ ဂျင်းနီ က မီဒီယာတစ်ခုကို ပြောခဲ့ပါတယ်။

အခု သီချင်းက YG Entertainment ထုတ်လုပ်ခဲ့ဖူးသမျှ  သီချင်းဗီဒီယိုတွေထဲမှာ ရိုးရာတူရိယာတွေ အများကြီးသုံးထားတဲ့ ဗီဒီယို ဖြစ်သလို  ကုန်ကျစားရိတ်ကလည်း စံချိန်တင်ရလောက်အောင်ကို အကြီးဆုံးလို့လည်း သိရပါတယ်။

Ref:cna

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *