စင်္ကာပူ ၊ ဇန်နဝါရီ ၂၂
အဖွဲ့ဝင်ငါးဦးပါ တဲ့နာမည်ကြီး တောင်ကိုရီးယား Apink ကေပေါ့ပါ အဖွဲက လာမယ့် ဖေဖော်ဝါရီ ၂၀ ရက် ည ၈နာရီမှာ စင်္ကာပူက Arena @ Expo Hall 7မှာ ဖျော်ဖြေမယ်လို့ သိရပါတယ်။
PINK NEW YEAR ဖျော်ဖြေပွဲလို့ နာမဉ်ပေးထားတဲ့ အဲဒိပွဲအတွက် လက်မှတ်တွေကို သောကြာနေ့ (ဇန်နဝါရီ ၂၄ ရက်) မနက် ၁၀ နာရီမှာ BookMyShow ကတစ်ဆင့် Cat 3 ခုံအတွက် စင်္ကာပူဒေါ်လာ ၁၂၈ နဲ့၊ VIP ထိုင်ခုံတွေအတွက်၂၂၈ ဒေါ်လာ အထိ စျေးနှုန်းတွေနဲ့ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပါတယ်။
ကြိုတင်ရောင်းချတဲ့ အချိန်မှာ လက်မှတ်ဝယ်ယူလိုသူတွေက ဇန်နဝါရီ ၂၂ရက်၊ ညနေ ၆ နာရီ နောက်ဆုံးထားကာ Viu Premium ကိုစာရင်းပေးသွင်းပြီး ဇန်နဝါရီ ၂၃၊ နံနက် ၉ နာရီမှာ အီးမေးလ်ကတစ်ဆင့် ပေးပို့မယ့် ပရိုမိုကုဒ်ကို ရမှာ ဖြစ်တယ်ိလို့ သိရပါတယ်။
Ref: CNA
ပုံစာ။ APINK ကေပေါ့ပ်အဖွဲ့
Feature Image Credit: Apink/Instagram
Visited 38 times, 1 visit(s) today



