ကေတီ ပယ်ရီ နဲ့ အောလန်ဒို ဘလွန်းတို့ရဲ့ လွန်ခဲ့တဲ့ ရက်သတ္တပတ်အလွန်က ဓါတ်ပုံဟောင်း အွန်လိုင်းမှာ လူပြောများနေ

အဆိုတော် ဘရုစပရင်းစတင်းရဲ့ ရှိုးပွဲမှာ တွေ့ရတဲ့ ကေတီတို့ စုံတွဲ
Photo Credit :MGEA


ပဲရစ်၊ ဇူလိုင် ၂၀

ပြင်သစ်နိုင်ငံတောင်ပိုင်းက အပန်းဖြေနေရာ စိန့် ထရိုပက်စ်ကို ဇူလိုင် ၈ရက်နေ့က   ရောက်လာပြီး အပန်းဖြေ နေခဲ့ကြ ပေမယ့် သတင်းမုဆိုးပါပါရာဇီ တစ်ယောက် လက်စွမ်းပြလိုက်လို့ လူမှုကွန်ယက်ပေါ်ကို တက်လာတဲ့  သူတို့ရဲ့ ဓါတ်ပုံ ကြောင့် အခုမှ ဟိုးလေးတကျော် ဖြစ်နေရပါတယ်။

အမှန်က သူတို့ရဲ့ စင်းလုံးငှားရွက်လှေပေါ်မှာ အေးအေးဆေးဆေး အနားယူပြီး နောက်ရက်မှာ အဆိုတော် ဘရု့စ် စပရင်း စတင်းရဲ့ ရှိုးပွဲကို အားပေးဖို့ အစီစဉ် ဆွဲထားတာလို့သိရပါတယ်။

သူတို့စုံတွဲဟာ  ပြင်သစ်နိုင်ငံတောင်ပိုင်းက ရင်သပ်ရှုမောဖွယ်ရေပြင်မှာ ဇူလိုင် ၁၀ ရက် အင်္ဂါနေ့က အဖြူ ရောင်ဦး ထုပ်ကိုယ်စီနဲ့တွေ့ရသလို နေစာလှုံနေတဲ့ ပုံတွေရယ်။ နှစ်ယောက်သား နမ်းရှုံ့နေကြတဲ့ ဓါတ်ပုံက  အွန်လိုင်းပေါ်ကို ရောက်လာတာပါ။

လက်ရှိမှာတော့  အမေရိကန်သူ အဆိုတော်  ကေတီ ပယ်ရိ က အသက် ၃၈နှစ်အရွယ်ရှိနေပြီး ဗြိတိန်ဖွား မင်းသား အော် လန် ဒို ဘလွန်းကတော့ အသက် ၄၆ ရှိသူပါ။ နှစ်ယောက်လုံးကလည်း ကမ္ဘာကျော် ထိပ်တန်းတွေမို့ ဓါတ်ပုံလေး တစ်ပုံနဲ့ တင် အများစိတ်ဝင်စားစရာ လူပြောများစရာ ဖြစ်ရတယ်လို့ပဲ ဆိုရမှာပါ။

Ref: Hollywood  life

Visited 52 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *