
photo Credit: Glamour.com
လာဗီးဂတ်စ်၊ အောက်တိုလာ ၆
အဆိုတော် ကေတီ ပယ်ရီ တစ်ယောက် သူ့ရဲ့ဂီတစင်မြင်တွေဆီကနေ ကျောခိုင်းကာ အနားယူတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။ ဒီသတင်းရဲ့ လာရာအစကတော့ အောက်တိုဘာ ၆ရက်နေ့က ကေတီနဲ့ ရိုးလင်းစတုန်းမဂ္ဂဇင်း တို့ရဲ့ အင်တာဗျူးတစ်ခု ပြီးတဲ့နောက်မှာပဲ ဒီသတင်းက ကပ်ပါလာခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။
အမေရိကန်အိုက်ဒေါရဲ့ တသက်တာပါရမီရှင်အဆိုတော်လည်းဖြစ်၊ ပရိသတ် အနှစ်သက်ဆုံး အကဲဖြတ်ဒိုင်တစ်ယောက်လည်း ဖြစ်ခဲ့တဲ့ ကေတီဟာ သူရဲ့အနာဂတ်ဘဝကို လာဗီးဂတ်စ် မှာ နေထိုင်ပြီး မိခင်တစ်ယောက်အနေနဲ့ပဲ ရှေ့ဆက် ဖြတ်သန်းချင်ပြီလို့ ရိုးလင်းစတုန်းမဂ္ဂဇင်းကို ဖွင့်ဟပြော ဆို တာတွေ လုပ်ခဲ့တယ်လို ဆိုပါတယ်။
လက်ရှိအချိန် ကေတီ့မှာ မူကြိုတက်တော့မယ့် သမီးလေးတစ်ယောက်ရှိနေပြီး ကေတီ့ဆန္ဒက သမီးလေးကို မနက်မနက် ကိုယ်တိုင် မူကြိုကျောင်းကို ကြို့ပို့တာမျိုး လုပ်ဖို့ ဆန္ဒပြင်းပြနေတယ်လို့လည်း ပြောကြပါတယ်။
သမီးလေးနာမည်က ဒေစီလို့ ခေါ် ပြီး သမီးလေးက ခုဆို နှစ်နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ ကေတီ နဲ့ အော်လန်ဒို ဘလွန်းတို့ ပေါင်းဖက်ပြီး ရခဲ့တဲ့ သမီးလေးလည်းဖြစ်ပါတယ်။
ကေတီ့အတွက် ဒီကာလတွေမှာ အမေးခံရဆုံးမေးခွန်းက ဘာလည်းလို့ ဆိုတဲ့အခါ မေးခွန်းက “ကေတီအနေနဲ့ ကလေးထိန်းကောင်းကောင်းရှာမတွေလို့လား” ဆိုတဲ့ မေးခွန်းပါ။ အမှန်က ကေတီကိုယ်တိုင်က အချိန်ပြည့် ကလေးထိန်း မငှားချင်လို့ပါလို့ဆိုပြီး ရုပ်သံအစီအစဥ်တစ်ခုမှာ ပြောပါတယ်။
သူက ဆက်ပြီး “ကျွန်မမှာ အရမ်းကောင်းတဲ့ ကလေးထိန်းတစ်ယောက် ရှိတယ်၊ ဒါပေမယ့် အချိန်ပြည့် ကလေးထိန်းတစ်ယောက် မဟုတ်ဘူး၊ ကျွန်မမှာ အချိန်ပြည့် ကလေးထိန်းတစ်ယောက် ရှိပြီဆိုရင် သမီးကို ဘယ်လို ပြုစုစောင့်ရှောက်ရမယ်ဆိုတာ ကျမအနေနဲ့ ဘယ်တော့မှ သိနိုင်တော့မှာ မဟုတ်ဘူး” လို့ပြောပါတယ်။
ကေတီကပဲ ဆက်ပြီး”ခုဆို ဒေစီလေးက ၂ နှစ်ဆိုတော့ နေ့တိုင်း စကားလုံးအသစ်တွေ ပြောနေပြီ.. ဒါပေမယ့် အဲ့ဒါ ကျမသင်ပေးထားတာ တစ်လုံးမှ မပါဘူး” ဆိုပြီး စိတ်မကောင်းတဲ့ ပုံစံနဲ့ပြောပါတယ်။
ကေတီက အခု ၃၇နှစ်ရှိနေပြီး စေ့စပ်ထားတဲ့ သူ့ရဲ့အတူနေချစ်သူ အော်လန်ဒို ဘလွန်းကတော့ ၄၅နှစ်ပါ။ ဘလွန်းကိုလည်း သူက ဖခင်ကောင်းတစ်ယောက်ပါလို့ အမြဲပြောလေ့ရှိတာလည်း သိရပါတယ်။ Ref: ENEWS

Photo Credit; katycats.com

Photo Credit: Backgrid/The Grosby Group

Photo Credit: hipnaija.com