အိန္ဒိယနိုင်ငံအစိုးရရဲ့အကူအညီအထောက်အပံ့နဲ့ တည်ဆောက်ခဲ့တဲ့ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေကုလားတန် အပြည်ပြည် ဆိုင်ရာ ဆိပ်ခံတံတားကို မေလ၉ရက်နေ့ နံနက်ပိုင်းကရခိုင်ပြည်နယ်စစ်တွေဆိပ် ကမ်းမှာ စတင်ဖွင့် လှစ်ခဲ့ပါတယ်။


ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Shri Sarbananda Sonowal နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့ ဦးဆောင်တဲ့ နှစိနိုင်ငံက တာဝန်ရှိသူတွေက ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။


အပြည်ပြည်ဆိုင်ရာဆိပ်ခံတံတားဖွင့်ပွဲမှာ အိန္ဒိယနိုင်ငံကနေ ဆောက်လုပ်ရေး ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကုန်တင် သငေ်္ဘာ ITT LION ဟာ ပထမဆုံး ဆိုက် ကပ်လာရာမှာ အိန္ဒိယနဲ့မြန်မာက အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ ဦးဆောင်တဲ့ တာဝန် ရှိသူတွေဟာ အခမ်းအနားနဲ့ကြိုဆိုခဲ့ကြပြီး ITT LION ကုန်တင်သဘောၤဟာ မြန်မာနိုင်ငံစစ် တွေ ဆိပ်ကမ်းကနေ မတ်ပဲ မက်ထရစ်တန် ၁၀၀၀ ကို ပြန်လည်သယ်ဆောင်သွားမယ်လို့လည်းသိရှိရပါတယ်။


စစ်တွေကုလားတန် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားဖွင့်ပွဲမှာ အိန္ဒိယသမ္မတနိုင်ငံ ဆိပ်ကမ်းများ၊ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီး ဌာနဝန်ကြီး H.E. Shri Sarbananda Sonowalဟာ ရခိုင်ပြည်နယ် ကုန်သည် များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှတာဝန်ရှိသူများ၊စစ်တွေမြို့နှင့် ရန်ကုန်မြို့တို့က ဒေသခံ လုပ်ငန်းရှင် များနဲ့တွေ့ဆုံခဲ့ပြီး စီးပွားရေးနှင့်ကုန်သွယ် မှုဆိုင်ရာ အလားအလာများကို လမ်းဖွင့် ပေးခြင်း၊ ဆိပ်ကမ်းကို အကောင်းဆုံး အသုံး ချခြင်း၊ ကုန်သွယ်မှုဆိုင်ရာကုန်ပစ္စည်း များကို ဖော်ထုတ်ခြင်း၊ စိန်ခေါ်မှုများကိုဖြေရှင်းခြင်းတို့ကို အဓိကထားပြီး အပြန် အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံရှိစစ်တွေဆိပ်ကမ်းနဲ့အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ကုလားတန် မြစ်ကြောင်း ဘက်စုံသုံးနယ်မြေ ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် အိနိ္ဒယနဲ့မြန်မာ နှစ်နိုင်ငံတို့က တာဝန်ရှိ သူတွေဟာ အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့မှာ ၂၀၀၈ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့ သဘော တူစာချုပ်များလက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်းမှာ ပါဝင်တဲ့စစ်တွေကုလားတန် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား တည် ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလ၁၉ရက်နေ့က စတင် ဆောင်ရွက် ခဲ့ပြီးဆိပ်ကမ်းတည်ဆောက်ခြင်းနှင့် ဆိပ် ကမ်းဝင်းအတွင်း ဆက်စပ် ရုံးအဆောက် အဦများ တည်ဆောက်ခြင်းလုပ်ငန်းများ ကို၂၀၁၆ ခုနှစ်မှာ ဆောင်ရွက်ပြီးစီးခဲ့ တာလို့ သိရပါတယ်။


ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ် သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေဆိပ်ကမ်း၊ ပလက်ဝ ပြည် တွင်းရေကြောင်းဆိပ်ကမ်းနဲ့ဆက်စပ် ပစ္စည်းများနဲ့အဆောက် အဦများရဲ့ တန် ဘိုးမှာ အမေရိကန်ဒေါ်လာ ၁၆၀ သန်းခန့် နှင့် ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ် အထိ မော်တော်ကားလမ်းဖောက်လုပ် ခြင်းလုပ်ငန်းတွေ တန်ဘိုးမှာ အမေရိကန် ဒေါ်လာ ၃၂၄ သန်းခန့် ဖြစ်ပြီး စီမံကိန်း တစ်ခုလုံးရဲ့ စုစုပေါင်းခန့်မှန်းတန်ဘိုးမှာ အမေရိကန်ဒေါ်လာ ၄၈၄ သန်းခန့် ဖြစ်တယ်လို့လည်း သိရပါတယ်။