ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပါလက်စတိုင်းကို အပြည့်အ၀အဖွဲ့ဝင်အဖြစ် ထည့်သွင်းစဉ်းစားရေး အတွက် အဖွဲ့ဝင်သစ်ဝင်ခွင့်ဆိုင်ရာကော်မတီကို လွဲပေး

ဝါရှင်တန်၊ ဧပရယ် ၈

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ဟာ  ပါလက်စတိုင်း ကိုကုလအဖွဲ့ဝင် အဖြစ် အပြည့်အ၀ဖြစ်ဖို့ လျှောက်ထားချက်ကို အဖွဲ့ဝင်အသစ်များ ဝင်ခွင့်ဆိုင်ရာ ကော်မတီကိုတနင်္လာနေ့ (ဧပြီ ၈ ရက်) က လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ပါလက်စတိုင်းတို့ဟာ ကုလသမဂ္ဂရဲ့ အဖွဲ့ဝင်နိုင်ငံ အပြည့်အ၀ဖြစ်လာဖို့ ဆယ်စုနှစ်ကျော် သက်တမ်းရှိနေတဲ့ လျှောက်လွှာကို ပြန်လည် အသက်ဝင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

အနောက်ဘက်ကမ်းကအစိတ်အပိုင်းတွေကို အုပ်စိုးနေတဲ့ ပါလက်စတိုင်း အာဏာပိုင်တွေရဲ့ အဆိုအရ ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ ဖွဲ့အနက် ၁၃၇ နိုင်ငံက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒိ ၁၃၇နိုင်ငံထဲမှာ  အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အခြားဒေသတွေက နိုင်ငံအများအပြား ပါဝင်ပေမယ့်လည်း  ကမ္ဘာ့အင်အားကြီး တွေ ဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ အနောက်ဥရောပ၊ ဩစတေးလျ၊ ဂျပန် နဲ့ တောင်ကိုရီးယား စတဲ့ နိုင်ငံတွေ မပါဝင်ပါဘူး။

ယူနက်စကိုကတော့ ၂၀၁၁မှာ ပါလက်စတိုင်းကို အသိအမှတ်ပြုခဲ့ပါတယ်။

၂၀၁၁ခုနှစ်မှာ  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်နေလို့  ပါလက်စတိုင်းတို့က “ပါလက်စတိုင်းနိုင်ငံ” အတွက် ကုလသမဂ္ဂအဖွဲ့ဝင် အပြည့်အ၀ရရှိရေး လှုပ်ရှားမှုတစ်ရပ်ကို ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Ref: cna

ပုံစာ။  ကုလသမဂ္ဂ အထူးသံတမန် ရီရက် မန်ဆာ  ပါလက်စတိုင်းကို  ကုလအဖွဲ့ဝင်အဖြစ် အပြည့်အဝရရှိရန် ကမ်းလှမ်းချက်ကို ပြန်လည်အသက်သွင်းခဲ့ပုံ

Feature Image Credit: AFP/File/ANGELA WEISS

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *