နေပြည်တော်၊ ဧပြီ ၂၄
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ မှု မရှိခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယနေ့ ဧပြီလ ၂၄ ရက် နံနက် ပိုင်းက နစကဥက္ကဌ နှင့် မစ္စတာဘန်ကီမွန်းတို့ တွေ့ဆုံခဲ့စဉ် မီဒီယာအချို့၏ ထုတ်လွှင့်မှု၊အဖွဲ့ အစည်းအချို့၏ ပြောဆိုမှုများကြောင့် ထင်မြင်လွဲမှားနေမှုများကို ရှင်းပြနိုင်ခဲ့ကြောင်း ၊ယခုကဲ့သို့ တွေ့ဆုံ၍ မြန်မာ နိုင်ငံ၏ လက်ရှိ အခြေအနေများကို ပြောပြခဲ့သည့်အတွက် မစ္စတာဘန်ကီမွန်းအနေဖြင့် အမှန်အတိုင်း သိမြင်သွား မည်ဟု လည်း နစက ဘက်က မျှော်လင့်ထားကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးအပြန်အလှန် အပြုသဘောဆောင် ဆွေးနွေးခဲ့ပါ တယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တာမရှိပါဘူး။မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး တချို့သော မီဒီ ယာ တွေရဲ့ ထုတ်လွှင့်မှု၊တချို့သော အဖွဲ့အစည်းတွေရဲ့ ပြောဆိုမှုကြောင့် ထင်မြင်လွဲမှားနေတာတွေ၊တခြားစီ ဖြစ်နေတာ တွေ ရှိနေတာတွေနဲ့ ပတ်သက်ပြီးတော့ ရှင်းပြတာတွေ ပြောပြတာတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။အခြေအနေတွေကို အမှန် အတိုင်း သိမြင်သွားမယ်လို့ မျှော်လင့်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဖြစ်သူ မစ္စတာဘန်ကီမွန်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ မြန်မာနိုင်ငံသို့ ဧပြီလ ၂၃ ရက်တွင်ရောက်ရှိလာခဲ့ကြကြောင်း၊မူလက လာရောက်လိုကြောင်း ကမ်းလှမ်း ခဲ့သော်လည်း ယခုမှသာ ကမ်းလှမ်းချက်အပေါ် နစက ဘက်က ပြန်လည် ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဖြစ်သူ မစ္စတာဘန်ကီမွန်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ခရီးစဉ်အတွင်း ကာကွယ်ရေးဝန်ကြီး၊နိုင်ငံခြားရေးဝန်ကြီး၊ယခင် သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့် လည်း တွေ့ဆုံခဲ့သေးကြောင်း သိရသည်။



