ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်ဟောင်း ဆာချားလ်စ်ပေထရီက မြန်မာနိုင်ငံအတွက် ထောက်ပံ့ရေးကိစ္စအပေါ်ရှုမြင်ပုံကို ဘန်ကောက်ပို့စ်မှာ ရေးသား

ထိုင်းနိုင်ငံဘန်ကောက်မြို့အခြေစိုက် မေ၁၁ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာ ရှုမြင်ချက်ကဏ္ဏမှာမြန်မာနိုင်ငံက စစ်ဘေးရှောင်များအပါအဝင် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများအတွက် လိုအပ်နေတဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ပံ့ရေးကိစ္စအပေါ် အသက် ၆၃နှစ်အရွယ် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်ဟောင်း ယခုသီးခြားလွတ်လပ်စွာ ရပ်တည်နေတဲ့ သံတမန် ဆာချားလ်စ်ပေထရီက သူ့ရဲ့ကိုယ်ပိုင်ရှုမြင်ပုံနဲ့ပတ်သက်ပြီး ထုတ်ဖော်ရေးသားထားပါတယ်။

အပိုဒ်ငယ် ၁၉ ပိုဒ်ပါဝင်တဲ့ သူ့ရဲ့ရှုမြင်ချက်မှာ အထောက်အပံ့လိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေထံကို အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်မှုတွေ အနှေးနဲ့အမြန် ရောက်ရှိစေလိုတဲ့သဘောထားထင်ဟပ်နေပါတယ်။

သူ့ရဲ့ရှုမြင်ချက်အဆုံးပိုင်းမှာ

(၁) ခုခံစစ်ဆင်နွှဲနေတဲ့အင်အားစုဟာ စစ်ကောင်စီနဲ့ မဆွေးနွေးခင် အများထောက်ခံအားပေးမှုအခြေအနေဘယ်လောက်လိုမလဲ

(၂) အဓိပ္ပါယ်ရှိတဲ့ တမျိုးသားလုံးပါဝင်မယ့် တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ခင် ဘယ်လို အခြေအနေတွေရှိဖိုလိုမလဲ

(၃)မျိုးဆက်သစ်တွေက ၂၀၂၁ အခင်းအကျင်းနဲ့တိုင်းရင်းသား မညီညွတ်မှုတွေအပေါ်ဘယ်လိုအသံတွေ ဆက်ထွက်ပေါ်လာမလဲ

(၄) ပဋိပက္ခပြီးဆုံးတဲ့အထိ ပြည်တွင်းမှာ ဘယ်လောက်ထိ ပျက်စီးအောင် အပြည်ပြည်ဆိုင်ရာအသိုက်အမြုံဖက်က ခွင့်ပြုထားမလဲ

(၅) အကြမ်းဖက်ပြည်တွင်းစစ် ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို မြန်မာနိုင်ငံ ဘယ်လိုများကုစားသွားမလဲ ဆိုတဲ့ မေးခွန်းတွေ ထုတ်ထားပါသေးတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *