ကုလသမဂ္ဂရဲ့ အထူးသံတမန်နိုလင်း ဟေဇာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာ

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဘူဒင် အဗ္ဗဒူလာ (ညာ) နဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်း ဟေဇာ (ဒုတိယလက်ဝဲ) တို့  ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ကွာလာလန်ပူက ပါလီမန်အဆောက်အဦမှာ ကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့စဥ်။
(ဓာတ်ပုံ – NAZRI RAPAAI / မလေးရှား ပြန်ကြားရေးဌာန / AFP)

ရန်ကုန်၊ ဩဂုတ် ၁၆

ကုလသမဂ္ဂရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဖြစ်တဲ့ နိုလင်းဟေဇာ ဟာ ဖြုတ်ချခံခဲ့ရသူ အရပ်သား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ပြီးနောက် တစ်ရက်အကြာ ၂၀၂၂ ဩဂုတ်လ ၁၆ရက်နေ့ မှာတော့ မြန်မာနိုင်ငံကို ပထမဆုံး ခရီးစဉ် အဖြစ် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နိုလင်း‌ ‌ဟေဇာကတော့ “ဆိုးရွားလာနေတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ အရင်ဆုံး အာရုံစိုက်သွားမှာဖြစ်ပြီး သူ့ရဲ့လုပ်ပိုင် ခွင့် တွေထဲကနေ အခြားဦးစားပေးကိစ္စတွေကိုပါ အာရုံစိုက်ထားမှာပါ” လို့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့  ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေထဲက ဘယ်သူဘယ်ဝါနဲ့ တွေဆုံမယ် ဆိုတာ မသိရသေးသလို ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ဆုံဖို့  ကြိုးပမ်းမှာလား ဆိုတာကိုလည်း ရှင်းရှင်းမသိရသေးပါဘူး။

ဟေဇာဟာ နေပြည်မှာ လက်ရှိခေါင်းဆောင်တချို့နဲ့ တွေ့ဆုံဆွေးနွေမှု တစ်ခုလုပ်ဖို့ရှိနေတယ်လို့လည်း သံတမန်သတင်းအရင်းအမြစ်တစ်ခုက ဆိုပါတယ်။

Ref: Bangkok post

Leave a Reply

Your email address will not be published. Required fields are marked *