ဂါဇာ။ မတ် ၂၆
ကုလသမဂ္ဂလုံခြုံရေးကောင်စီက “ချက်ချင်းအပစ်အခတ်ရပ်စဲရေး” တောင်းဆိုနေပေမယ့်လည်း ဂါဇာဒေသမှာတော့ တိုက်ပွဲတွေ ဆက်ပြီး ရှိနေတုန်းပဲလို့ လို့သိရပါတယ်။
ဒါဟာ မတ်လ ၂၆ရက်နေ့ အထိနောက်ဆုံးအခြေနေ ဖြစ်သလို တိုက်ပွဲတွေ ရပ်သွားမယ့် အရိပ်အယောင်လည်း မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိချမှတ်တောင်းဆိုလိုက်တဲ့ အပစ်အခတ်ရပ်ဆဲရေး တောင်းဆိုချက်ဟာ အစ္စရေးရဲ့ အရင်းနှီးဆုံး မဟာမိတ် အမေရိကန်က ကြားဝင်ပြီး မတ်လ ၂၅ရက် တနင်္လာနေ့မှာ အဲ့ဒိဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။
နိုင်ငံအတော်များများကတော့ မွတ်ဆလင် ရမ်ဇာန်လမြတ်အတွက် “ချက်ခြင်းအပစ်အခတ်ရပ်စဲရေး” တောင်းဆိုပြီး ဒိထက်ပိုတဲ့ “တည်မြဲသော” အပစ်အခတ်ရပ်စဲရေးကိုပါ လိုလားနေကြတာပါ။
ဟားမတ်စ်နဲ့ အခြားစစ်သွေးကြွတွေက အစ္စရေးအပေါ် မကြုံစဖူးအောက်တိုဘာ ၇ တိုက်ခိုက်မှုမှာ သူတို့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ တောင်းဆိုထားပေမယ့် အကြောင်းထူးမလာခဲ့ဘူးလို သတင်းတွေက ဆိုပါတယ်။
မဲခွဲဆုံးဖြတ်ပြီးတဲ့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ ဦးဆောင်တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
Ref: AFP
ပုံစာ။ ကုလသမဂ္ဂမှာ အပစ်ရပ်ဆဲရေး ဆွေးနွေးနေပုံ( ၂၀၂၄ မတ် ၂၅)
Feature Image Credit: AFP/Angela Weiss)



