မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြား ငွေများ ဝယ်ယူရောင်းချလဲလှယ်ပေး ခွင့်လိုင်စင် (Money Changer လိုင် စင်)ခွင့်ပြုထုတ်ပေးထား ကုမ္ပဏီ(၁၃)ခု ကို ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ အမိန့် နှင့်ညွှန်ကြားချက်များကို လိုက်နာမှု မရှိလို့ဆိုပြီး သြဂုတ်လ၁၄ရက်ကစတင်ပြီး နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲ လှယ်ပေးခွင့်လိုင်စင်များကို ရုပ်သိမ်း ခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့သတင်းထုတ်ပြန် ချက်အရ သိရပါတယ်။
လိုင်စင်ရုပ်သိမ်းခံရတဲ့ကုမ္ပဏီများက တော့
(၁) Prime Residence Co., Ltd
(၂) West Line Co., Ltd
(၃) IMA Co., Ltd
(၄) Great Father Great Sons General Trading Co., Ltd
(၅) Gold Foil Co., Ltd
(၆) Big Lion Gems Co., Ltd
(၇) Global International Investment & Development Co., Ltd
(၈) World Fortune International Finance Group Shares Co., Ltd
(၉)Myat Nan Yone Services Co.,Ltd
(၁၀) LP Holding Co., Ltd
(၁၁) Golden Myanmar Asia Crown Travels & Tours Co., Ltd
(၁၂) Yangon KSA Travels & Tours Co., Ltd
(၁၃) Balance Co., Ltd တို့ပဲဖြစ်ကြပါတယ်။

