ကုန်းတွင်းဝင်နေချိန် လေတိုက်နှုန်း တစ်နာရီ ၁၃၆ မိုင်နှုန်းကျလာဟုဆို

မိုခါ မုန်တိုင်း စစ်တွေမြို့နှင် ကျောက်ဖြူမြို့ကြားက ဝင်ရောက်နေပြီး ကုန်းတွင်းဝင်နေချိန် လေတိုက်နှုန်း တစ်နာရီ ၁၃၆ မိုင်နှုန်းကျလာကြောင်းမိုးလေဝသ သုံးသပ်သူ ဦးဝင်းနိုင်က ရေးသားထားသည်ကို ပြန်လည်ဝေငှလိုက်ပါသည်။

ကုန်းတွင်းကိုဝင်နေချိန်မှာ လေတိုက်နှုန်းကတော့ တစ်နာရီ ၁၃၆ မိုင်နှုန်းကို ကျလာတယ်။ မုန်တိုင်းဒီလှိုင်းက ၃.၁ မီတာ(၁၀ ပေ ကျော်ကျော်)အထိတက်လာတယ်။

136 mph(218 km/h)လေပြင်းတိုက်တဲ့ဒဏ်ရယ် ၁၀ ပေကျော်အမြင့်ရှိတဲ့ ရေထုကြီး အရှိန်အဟုတ်နဲ့ ဝင်လာမဲ့ဒဏ်ရယ် သဘာဝဘေး ၂ မျိုးရဲ့ဒဏ်ကို ခံရမယ်။

တတ်နိုင်သလောက် ခိုင်ခန့်ထူထဲတဲ့ အကာအကွယ်များယူပြီးနေကြပါ။ အိမ်တွေထဲမှာ မွေ့ရာထူထူရှိရင် အဲ့ဒါနဲ့ ပတ်ပြီး အကာအကွယ်ယူထားပါ၊ ပြူတင်ပေါက်တွေနားကို မသွားပါနဲ့၊ ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုများကို ဂရုစိုက်ကြပါ။ အပြင်လုံးဝမထွက်ကြပါနဲ့တော့။

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *