ကုန်သွယ်မှုကဏ္ဍမှာ ဒေါ်လာပေါ်မှီခို အားထားမှုလျော့ချပြီး ယွမ်/ထိုင်းဘတ် အပြင် ရူပီးနဲ့ကျပ်ကိုပါ သုံးစွဲနိုင်ရေး အိန္ဒိယ ဗဟိုဘဏ်ရဲ့ အတည်ပြုချက်ရယူပြီဖြစ်

ကုန်သွယ်မှုကဏ္ဍမှာ ဒေါ်လာပေါ်မှီခို အားထားမှုလျော့ချပြီး ယွမ်/ထိုင်းဘတ် အပြင် ရူပီးနဲ့ကျပ်ကိုပါ သုံးစွဲနိုင်ရေး အိန္ဒိယ ဗဟိုဘဏ်ရဲ့ အတည်ပြုချက်ရယူပြီဖြစ်

နေပြည်တော်၊ မတ် ၃၁

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍမှာ ဒေါ်လာပေါ်မှီခိုအားထားမှုလျော့ချပြီး ယွမ်/ထိုင်းဘတ်အပြင် ရူပီးနဲ့ကျပ် ကိုပါ သုံးစွဲနိုင် ရေး အိန္ဒိယဗဟိုဘဏ်ရဲ့ အတည်ပြုချက် ရယူပြီဖြစ်နေပြီလို့ မတ်လ၃၁ရက်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နေပြည် တော်၊ ဇမ္ဗူ သီရိခန်းမမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်နဲ့ပုဂ္ဂလိကဘဏ်တွေအကြား  ဘဏ်လုပ်ငန်းဆိုင်ရာ သုံးသပ်ဆွေးနွေး တဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ပြော ကြားခဲ့တာပါ။

အစည်းအဝေးကို မြန်မာနိုင်ငံတော်ဗဟို ဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနဲ့ ဒုတိယ ညွှန် ကြားရေး မှူးချုပ်များ၊ ပုဂ္ဂလိကဘဏ်များက ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိချုပ်များ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးမှာ ဗဟိုဘဏ်ဥက္ကဌ ဒေါ် သန်းသန်းဆွေက ကုန်သွယ်မှုကဏ္ဍမှာ ဒေသသုံးငွေကြေးများပိုမိုသုံးစွဲပြီး ဒေါ်လာ ပေါ်မှီခိုအားထားမှုလျော့ချပြီး Currency Diversificationကို ဆုံးရှုံးနိုင်ခြေ ပေါ်မူ တည်ပြီး စီမံခန့်ခွဲရန် လိုအပ်ကြောင်း၊ ယွမ်/ ထိုင်း ဘတ်အပြင် ရူပီးနဲ့ကျပ်ကိုပါ သုံးစွဲနိုင် ရေး အိန္ဒိယဗဟိုဘဏ်နှင့် အတည်ပြုချက် ရယူပြီး၍ မကြာခင် ကုန်သွယ် မှုကဏ္ဍသို့ ဆောင်ရွက်မည့် အစီအမံများ ချပြပေး မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဘဏ်လုပ်ငန်းကကဏ္ဍရဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် ၃ နှစ်တာ ကာလ အတွင်း တိုးတက်မှုအခြေ အနေများကို ဆွေးနွေးခဲ့ရာ ပုဂ္ဂလိကဘဏ်များရဲ့ အပ်ငွ ေဟာယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၁၄.၄၂% ၊ ချေးငွေသည် ၇.၈၁% တိုး တက်ခဲ့ကြောင်း၊ Credit to GDP Ratio သည် ၂၈% ရှိကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဘဏ်များရဲ့ဗဟိုဘဏ်ရှိ အပ်နှံ ငွေသည် ၃၅%နှင့် ဘဏ်များ ၏လက်ဝယ်ရှိ ငွေသားလက် ကျန်ပမာဏ သည် ၃၆% တိုးတက်လာကြောင်း၊ Interbank Market ရှိ ငွေကြေးလွယ်ကူမှု Turnover သည် ကျပ် ၁,၁၆၆ ဘီလီယံ၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၉၈% ခန့်တိုး တက်ခဲ့ ပါကြောင်း၊ နိုင်ငံခြားဘဏ် များနှင့် ပုဂ္ဂလိကဘဏ်များ အကြားမှာကျပ်ငွေလွယ်ကူမှု ပိုမိုမြင့်မားလာကြောင်း တို့ကိုလည်း ဗဟိုဘဏ်ဥက္ကဋ္ဌကပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် ဗဟိုဘဏ်ဥက္ကဋ္ဌက နိုင်ငံခြား ငွေနှင့်ပတ်သက်၍ ဗဟိုဘဏ်က သတ် မှတ်ပေးသည့် စည်းမျဉ်း များကို ဘဏ်များ၊ Exporter များ၊ Importer များလိုက်နာစေရေး ၊ Export Earnings ပြန်မဝင်သည့်ကိစ္စရပ်များစောင့်ကြည့်စစ်ဆေးနိုင်ရေး၊ လိုအပ်သည့်အထောက် အထားများ ရယူ စစ်ဆေးနိုင်ရေး၊ KYC/CDD နှင့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နှင့်အထက် ငွေလွှဲ ဝင်ရောက်ခြင်း များကို ဗဟိုဘဏ်သို့ သတင်းပို့ရေး၊ သတင်းပို့ရန် ပျက်ကွက် ပေါ့လျော့မှုများကြောင့် ဆုံးရှုံး မှုများ ဖြစ်လာ ပါက စီမံခန့် ခွဲရေးဆိုင်ရာ နည်းလမ်းဖြင့် အရေးယူသွားမည် ဖြစ် ကြောင်းတို့ကိုလည်း ထည့်သွင်းဆွေးနွေး ပြောကြားခဲ့ပါတယ်။

အစည်းအဝေးကို တက်ရောက်လာတဲ့ ပုဂ္ဂလိကဘဏ်များက ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိ ချုပ်များက သက်ဆိုင် ရာဘဏ် အလိုက်ဆောင်ရွက်လျက်ရှိသည့် တိုးတက်မှုအခြေအနေ၊လာမည့်ဘဏ္ဍာနှစ်မှာ လုပ်ငန်းတိုးချဲ့အကောင်အထည် ဖော်မည့် အခြေအနေ၊ Digital Banking ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ Internal Control စီမံထားရှိမှု၊ AML/CFT ဆိုင်ရာ လိုက်နာ ဆောင်ရွက်နေသည့် အခြေအနေများ ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today