၂၈ ဇန်နဝါရီ၊၂၀၂၄
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဂန့်ဂေါ-ဟားခါးလမ်းမှာ ကုန်တင်ယာဉ်တစီးဘရိတ်ပေါက်ပြီး ပေ (၄၀) ခန့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုကြောင့်၊ ယာဉ်မောင်းသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


ဘရိတ်ပေါက်ပြီး အချိန်မထိမ်းနိုင်လို့တိမ်းမှောက်ခဲ့တာဖြစ်ပြီး၊ကားပေါ်ပါလာသူယာဉ်နောက်လိုက်အမျိုးသားဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
သေဆုံးသူရဲ့ရုပ်အလောင်းကို မီးသတ်တပ်ဖွဲ့ပိုင် သူနာတင်ယာဉ်နဲ့ဟားခါးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ချင်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးက သိရပါတယ်။
Visited 6 times, 1 visit(s) today



