နယူးယော့ခ်၊ ဧပြီ ၁၀
လျှပ်စစ်ကားထုတ်လုပ်သူတွေဟာ ပြီးခဲ့တဲ့ လတွေကစပြီး ဝယ်လိုအား နှေးကွေးတဲ့ပြသနာ၊ ပြိုင်ဆိုင်မှု ကြီးထွားလာတဲ့ပြသနာ စတာတွေနဲ့ ထိပ်တိုက် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အနာဂတ်လမ်းမတစ်လျှောက် အဖုအထစ်တွေ ဘယ်လောက်ရှိနေပါစေ လျှပ်စစ်ကားတွေရဲ့ အနာဂတ်ကတော့ အလားအလာကောင်းတွေ ရှိနေဆဲပါလို့ ကားထုတ်လုပ်သူတွေနဲ့ စက်မှုလုပ်ငန်း ကျွမ်းကျင် သူတွေက ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ ၂၀၃၂ ခုနှစ်အရောက် လူစီးကားအသစ်တွေနဲ့ အပေါ့စားထရပ်ကားအများစုကို လျှပ်စစ်ကား ဒါမှမဟုတ် ဟိုက်ဘရစ်ကားတွေနဲ့ အစားထိုးသွားဖို့ ပြီးခဲ့တဲ့လက သမ္မတ ဘိုင်ဒန်ရဲ့ အုပ်ချုပ်ရေးအဖွဲ့က စည်းမျဉ်းတစ်ရပ် ကြေညာခဲ့ပါတယ်။
tailpipe pollution ( နှလုံးရောဂါ၊ ပန်းနာ နဲ့ ကင်ဆာ ဖြစ်စေတတ်တဲ့ လေထုညစ်ညမ်းမှု) ကန့်သတ်ချက်အသစ်က အမေရိကန်မော်တော်ကားစျေးကွက်ကို အသွင်ပြောင်းသွား လိမ်မယ်လို့ မျှော်လင့် ထားတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့မှာ သုံးစွဲသူတွေက ဒီကားတွေကို ဝယ်လာဖို့ မော်တော်ကားလုပ်ငန်းကို ကူးပြောင်းတာက မျှော်လင့်ထားတာထက် နှေးကွေးနိုင်တယ်လို့ ကားထုတ်လုပ်သူတွေက သတိပေးထားပါတယ်။
မော်တော်ယာဥ်ဝန်ဆောင်မှုနဲ့ နည်းပညာပံ့ပိုးပေးသူ Cox Automotive ရဲ့ ဆိုစကားအရ EV တစ်စီးရဲ့ တန်ဖိုးဟာ ဓာတ်ဆီကားထက် ကန်ဒေါ်လာ ၅၀၀၀ နီးပါး ပိုများတယ်လို့ သိရပါတယ်။
EV တစ်စီးပိုင်ဆိုင်ဖို့ စရိတ်စက ပိုများတဲ့အပြင် အားသွင်းစက်နဲ့ ပတ်သက်ပြီး သုံးစွဲသူတွေ စိုးရိမ်နေကြရပါတယ်။ အကြောင်းက ကိုယ်ပိုင်ကားဂိုဒေါင်မရှိတဲ့ သူတွေက ကိုယ်ပိုင် အားသွင်းစက် တပ်စရာ နေရာ အခက်အခဲရှိပြီး အများသူငှာ အားသွင်းတဲ့နေရာတွေကို အားကိုးကြရမှာပါ။
“ကျွန်တော်တို့ မရောက်သေးပါဘူး။ အထူးသဖြင့် ပိုဆင်းရဲတဲ့ အသိုက်အဝန်းတွေ၊ ဝင်ငွေနည်းတဲ့ အမေရိကန်လူမျိုးတွေကို သင်စဉ်းစားတဲ့အခါ ကျွန်တော်တို့မှာ သွားရမယ့်နည်းလမ်းတွေ ရှိပါတယ်။ ကျွန်တော်တို့အားလုံးအတွက် ဒီကားတွေကို တတ်နိုင်စေရမယ်” လို့ National Automobile Dealers Association ဥက္ကဋ္ဌနဲ့ CEO ဖြစ်သူ မိုက်ခ် စတန်တန် က မှတ်ချက်ပြုထားတယ်လို့လည်း သိရပါတယ်။
Ref: cna
ပုံစာ။ EV ကား ထုတ်လုပ်နေပုံ
Feature Image Credit: Jonathan Ernst



