■ဘာကြောင့်သေဆုံးခဲ့ရတယ်ဆိုတာ မသိရသေး
ကိုးကန့်က ဖူလီလိုက်လုပ်ငန်းစုဥက္ကဋ္ဌ လီကျိန်းချန် (ခ)လျှိုအားပေါက်(ခ)ဦးမောင်မောင်ဟာ တရုတ်နိုင်ငံကအကျဥ်းထောင်တစ်ခုမှာ ဖေဖော်ဝါရီလ၂၉ရက်နေ့က သေဆုံးသွားခဲ့တယ်လို့ တရုတ်နိုင်ငံကလာတဲ့သ တင်းတစ်ရပ်အရ သိရပါတယ်။
ဖူလီလိုက်လုပ်ငန်းစုဥက္ကဋ္ဌ လီကျိန်းချန်(ခ)လျှိုအားပေါက် (ခ)ဦးမောင်မောင်ဟာ မြန်မာအစိုးရကပေးထားတဲ့ သူဌေးဘွဲ့ရတစ်ဦးဖြစ်ကာ ကိုးကန့်ဒေသမှာလည်း အချမ်းသာဆုံးသူတစ်ဦးဖြစ်တဲ့အပြင် သူ့ရဲ့ ဖူလီလိုက်လုပ်ငန်းစုဟာလည်း လုပ်ငန်းအမျိုးအစားပေါင်းများစွာကို အမေရိကန်ဒေါ်လာ ဘီလီယံ ဂဏန်းအထိ ရင်းနှီးမြှုပ်နှံထားပြီး သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုအတိုင်းအဆကို မမှန်းဆနိုင်ဘူးလို့ သိရပါတယ်။အမေရိကန်ဒေါ်လာသန်း၇၂၀အထိ တန်ဖိုးရှိတဲ့ မန္တလေးက ရေတံခွန်တောင်မြို့ပြအိမ်ယာစီမံကိန်းမှာလည်း ဖူလီလိုက် ကုမ္ပဏီက ရင်းနှီးမြှုပ်လုပ်ထားတယ်လို့လည်း သိရပါတယ်။
ကိုးကန့်က ဖူလီလိုက်လုပ်ငန်းစုဥက္ကဋ္ဌ လီကျိန်းချန် (ခ)လျှိုအားပေါက်(ခ)ဦးမောင်မောင်ကို ကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်ကိုင်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကအလိုရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလ၃၀ရက်ညပိုင်းက မြန်မာအစိုးရဟာ တရုတ်အစိုးရကို လွှဲပြောင်းပေးပြီး တစ်လခန့်အကြာ လီကျိန်းချန်(ခ)လျှိုအားပေါက် (ခ)ဦးမောင်မောင်ဟာ တရုတ်အကျဥ်းထောင်တစ်ခုမှာ သေဆုံးသွားခဲ့တယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။



