ကိုးကန့်က ကျားဖြန့်ခေါင်းဆောင်များ တရုတ်ရဲထံ မြန်မာလွှဲပြောင်း

၁၇ နိုဝင်ဘာ၊၂၀၂၃

မြန်မာနိုင်ငံမြောက်ပိုင်းဒေသက Onlineလိမ်လည်မှုဆိုင်ရာခေါင်းဆောင်များ တရုတ်ရဲလက် ရောက်ရှိပြီဟု တရုတ်သတင်းဌာနက ယနေ့တွင် ဖော်ပြသည်။

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Onlineလိမ်လည်မှုဆိုင်ရာ ပြစ်မှု ကျူးလွန်သောအဖွဲ့၏ ခေါင်းဆောင်များ ဖြစ်သည့် Ming Xuechang(မြီရှောက်ချန်း)၊Ming Guoping (မြီကော်ဖျင်း၊Ming Julan (မြီကျွီလန်) နှင့်Ming Zhenzhen (မြီကျိန်းကျိန်း)တို့ကို တရုတ် ရဲဌာနက တရားဝင် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ပြီး မြန်မာဘက်ကလည်း ထပ်မံထုတ်ဆင့်ခဲ့ပြီးနောက် ဖမ်းမိခဲ့သူများဖြစ်သည်။

ထိုဖမ်းမိသူများထဲ အရေးပါသူတစ်ဦးဖြစ်သည့် ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်နေလွှတ်တော်အမတ်ဟောင်း ဦးမြီရှောက်ချန်းမှာမူ တရုတ်ဘက်သို့ လွှဲပြောင်းရန် သွားရောက်ဖမ်းဆီးစဉ် ပစ္စတိုသေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ်ပစ်ခတ်၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည်ဟု သတင်းထုတ်ပြန်ချက်များအရသိရသည်။

တရုတ်သတင်းဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာက တရုတ်ဘက်သို့ တရားခံများအား နိုဝင်ဘာလ ၁၆ ရက်နေ့တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *