ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကိုးကန့်သူဌေးတစ်ဦးနဲ့မိသားစုဝင်၃ဦးကို တရုတ်က ဖမ်းဝရမ်းထုတ်ထား

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကိုးကန့်သူဌေးတစ်ဦးဖြစ်တဲ့ (ဦး)မြီရှောင်ချန်း၊သားမြီကော့်ဖျင်၊ သမီး မြီကျူးလန့်နဲ့ မြေး မြီကြိမ်းကြိမ်းတို့ကို ဖမ်းဆီးရမိရေးမှာ သတင်း ပေးပါက ယွမ်တစ်သိန်းမှငါးသိန်းအတွင်း တရုတ်နိုင်ငံကပေးသွားမှဖြစ်တယ်လို့ တရုတ်က သ တင်းထုတ်ပြန်ထားပါတယ်။

ကိုးကန့်သူဌေး (ဦး)မြီရှောင်ချန်းနဲ့မိသားစုဝင်များဟာ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းများနဲ့ ဆက်စပ်တဲ့အ တွက် တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက တရုတ်နိုင်ငံကို ကုန်စည် ပြပွဲတက်ရောက်ဖို့သွားခဲ့တဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ဒေသက ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးကို တရုတ်က ဖမ်းဆီးခဲ့တဲ့ ထဲမှာ အခုဖမ်းဝရမ်းထုတ်ခံရတဲ့ မြီကျူးလန့်ရဲ့ ခင်ပွန်းဖြစ်သူလည်း ပါဝင်တယ်လို့လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *