ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသခေါင်းဆောင်ဟောင်းဦးပယ်စောက်ချိန်အပါအဝင် ကိုးကန့်သူဌေး၁၀ဦးကို တရုတ်က ဖမ်းဝရမ်းထုတ်

တရုတ်နိုင်ငံလုံခြုံရေးဌာနများက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသခေါင်းဆောင်ဟောင်းဦးပယ်စောက်ချိန်အပါအဝင် ကိုးကန့်သူဌေး၁၀ဦးကို ဒီဇင်ဘာလ ၁၀ရက်နေ့က ဖမ်းဝ ရမ်းထုတ်ခဲ့ပြီး သတင်းပေးသူများကို ဆုငွေအဖြစ် ယွမ်တစ်သိန်းခွဲ ချီးမြင့်မယ်လို့ တရုတ်နိုင်ငံက ကြေညာထားပါတယ်။

တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ခံထားရသူများမှာ ကိုးကန့်ခေါင်း ဆောင်ဟောင်း ဦးပယ်စောက်ချိန်Bai Suocheng၊၊သားဖြစ်သူ ကိုးကန့်ပြည်သူ့စစ်ခေါင်း ဆောင် ပယ်ရင်ချန်း Bai Yingcang၊သမီးဖြစ်သူ ပယ်ရင်လန်းBai Yinglan၊ကိုးကန့် နာမည်ကြီး သူဌေးတွေ ဖြစ်တဲ့ ဝေဆန်း Wei Huairen ၊ဝေချင်းဆုန်းWei Qingsong နဲ့ ဝေရုန့်Wei Rong၊ဖူလီလိုက်ကုမ္ပဏီပိုင်ရှင် လျိုအားပေါက်Liu Zhengxiang၊ လျိုကျီးကွမ်းLiu Jiguang၊ လျိုကျင်း မောက်Liu Zhengmao နဲ့ ရှီးလောက်ဖားXu Laofa တို့ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်အစိုးရက တရုတ်-မြန်မာ နယ်စပ် ရှမ်းမြောက်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အခြေချလုပ်ကိုင်နေတဲ့ ကျားဖျန့်ခေါ် အွန်လိုင်း လိမ်လည်မှုဂိုဏ်များကို နှိမ်နှင်းနိုင်ဖို့ မြန်မာအစိုးရကို ဖိအားပေးနေတဲ့အပြင် မြန်မာအစိုးရအနေနဲ့ အဆိုပါ လုပ်ငန်းများက ငွေကြေးများကိုပါ ပြန်လည် လွှဲပြောင်းပေးဖို့လည်း ဖိအားပေးနေတယ်လို့ ရပါတယ်။

မြန်မာအစိုးရအနေနဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလကလည်း ကိုးကန့်ဒေသက သူဌေးစာရင်းဝင် မြီမိသားစုကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ဆင့်ခဲ့တာကြောင့် မြန်မာအစိုးရက အဲ့ဒီမိသားစုများကို ဖမ်းဆီးပြီး တရုတ်အစိုးရဆီ ပြန်လည်လွှဲပြောင်း ပေးခဲ့ပြီး တရုတ်အစိုးရက အဓိက လိုလားတဲ့ မြီရှောက်ချန်းဟာ မိမိကိုယ်မိမိ ‌သေနတ်နဲ့ပစ်ခတ်ပြီး သေ ကြောင်းကြံခဲ့တာကြောင့် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *