ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဦးစီးအဖွဲ့ဥက္ကဌအဖြစ် ဗိုလ်မှူးချုပ်တစ်ဦးကို ယာယီခန့်အပ်

နစကကနေ နိုဝင်ဘာလ၁၅ရက်နေ့က အမိန့်အမှတ်(၁၀၂/ ၂၀၂၃)ထုတ်ပြန်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဦးစီးအဖွဲ့ဥက္ကဌအဖြစ် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ကို ယာယီခန့်အပ်တာဝန်ပေးခဲ့တယ်လို့ သိရပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဦးစီးအဖွဲ့ဥက္ကဌဦးမြင့်ဆွေကိုလည်း အမိန့်အမှတ်(၁၀၁/ ၂၀၂၃)ထုတ်ပြန်ပြီး ဥက္ကဌတာဝန်ကနေ ရပ်စဲလိုက်ပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဦးစီးအဖွဲ့ဥက္ကဌအဖြစ် ယာယီခန့်အပ်ခဲ့တဲ့ ဗိုလ်မှူးချုပ်ထွန်းထ့န်းမြင့်ဟာ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှာ တိုင်းဦးစီးချုပ်တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်အရာရှိကြီးတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *