
Photo Credit: REUTERS
ဘိုဂိုတာ၊ ဇန်နဝါရီ ၂၈
ကိုလံဘီယာနိုင်ငံရဲ့ ကိုကင်းဖမ်းဆီးနိုင်ခဲ့မှုက၂၀၂၂ ခုနှစ်မှာ အခြားနှစ်တွေကထက် စံချိန်တင် ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့က သတင်းထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ထဲမှာ မူးယစ်ဆေးဝါး ၆၇၁ တန်ကို သိမ်းဆည်းရမိခဲ့ တာကြောင့် ၂၀၂၁ ခုနှစ်က ဖမ်းဆီးရခဲ့တဲ့ စုစုပေါင်း ၁ ဒသမ ၇တန် ထက်စာရင် အံ့အားသင့်စရာကောင်းလောက်အောင် အဆပေါင်း ရာနဲ့ချီ သာလွန်ခဲ့တာပဲဖြစ်ပါတယ်။
“ကျွန်တော်တို့နိုင်ငံမှာ မကောင်းမှုတွေ ဖန်တီးတဲ့ မူးယစ်ဆေးဝါး အရောင်းအဝယ်ကနေ ရတဲ့ တရားမဝင် ၀င်ငွေတွေကို တိုက်ဖျက်ဖို့ လိုတယ်” လို့ ကာကွယ်ရေးဝန်ကြီး အီဗန် ဗီလတ်စ်ကေ့စ်က ဝန်ကြီးဌာန ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ ရလဒ်ကောင်းတွေ အတွက်လည်း တာဝန်ရှိသူတွေကို ချီးကျူးစကား ဆိုပါတယ်။
နာရီနို၊ ဘိုလီဗာနဲ့ ဗားယေ ဒေ ကွေးက ပြည်နယ်တွေဟာ အများဆုံး ဖမ်းမိတဲ့နေရာတွေလို့ ကိန်း ဂဏန်း အချက် အလက်တွေ အရ သိရပါတယ်။
ကိုကင်းထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုက ကိုလံဘီယာမှာ ဆယ်စုနှစ်ခြောက်စုနီးပါး ကြာခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ အဓိကမောင်းနှင်အားအဖြစ် သတ်မှတ်ခံထားရပြီး လူပေါင်း ၄၅၀၀၀၀ ကျော် သေဆုံးကာ သန်းပေါင်း များစွာ အိုအိမ် မဲ့ဖြစ်ခဲ့ရပြီလည်း ဖြစ်ပါတယ်။
ပျောက်ကျားအဖွဲ့ ဖြစ်တဲ့ အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊FARC သူပုန်အဖွဲ့နဲ့ လက်ယာယိမ်း လက်နက်ကိုင်ဟောင်းတွေပါတဲ့ ရာဇ၀တ်ဂိုဏ်းတွေဟာ ကိုလံဘီယာမူးယစ်ဆေးဝါးလောကမှာ အဓိက ကြိုးကိုင်လှုပ်ရှားနေတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။
Ref: Reuters