ကိုရီးယားသွားမယ့် EPSလုပ်သားတွေဟာ ပတ်စ်ပို့စ် စာအုပ်ရရှိဖို့အတွက် အလုပ်သမားရုံးမှာ အသနားခံ

ပတ်စ်ပို့စ်ရဖို့ အလုပ်သမားညွှန်ကြားရေးမှူးရုံးရဲ့ အကူအညီ လာတောင်းတာဖြစ်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅

ကိုရီးယားနိုင်ငံကို သွားပြီး အလုပ်လုပ်ကြမယ့် EPS လုပ်သားတွေဟာ ပတ်စ်ပို့စ် စာအုပ်ရရှိဖို့အတွက် ဖေဖော်ဝါရီ လ၁၅ရက်မှာ မြောက်ဒဂုံမြို့နယ်ထဲက အလုပ်သမားညွှန်ကြားရေးမှူးရုံး(ပင်လုံခန်းမ)ကို သွားရောက်စုဝေးပြီး အသနား ခံစာတင်ပြခဲ့ကြတယ်လို့ EPSလုပ်သားတွေဆီက သိရပါတယ်။

“ခုချိန်မှာ ပတ်စ်ပို့စ်အသစ်လျှောက်တာရော သက်တမ်းတိုးတာရော ပိတ်ထားတော့ ကိုရီးယားမှာ အလုပ်သွားလုပ်ရမယ့် ကျနော်တို့အတွက် ဘယ်လိုအဆင်မ ပြေနိုင်ပါဘူး။ဒါကြောင့် ပတ်စ်ပို့စ် အချိန်မီရရှိစေဖို့ အတွက် အလုပ်သမား ညွှန်ကြား ရေးမှူးရုံးရဲ့အကူ အညီရဖို့အတွက် အသနားခံစာ လာတင်ပြရတာပါ´´လို့ EPSလုပ်သားတစ်ယောက်က ပြောပါတယ်

အလုပ်သမားညွှန်ကြားရေးမှူးရုံး(ပင်လုံခန်းမ)မှာ ပတ်စ်ပို့စ်ရရှိဖို့အတွက် အသနားခံစာလာတင်တဲ့ EPSလုပ်သားအရေ အတွက် (၁၀၀)ဦးလောက်ရှိတယ်လို့ လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *