■ကိုရီးယားသမ္မတနိုင်ငံမှာ သင့်တော်ကောင်းမွန်တဲ့ အ လုပ်အကိုင်ရရှိစေဖို့နဲ့ လုပ်သားများ ပိုမိုစေလွှတ်နိုင်ဖို့ ဆောင် ရွက်နေ
အလုပ်သမားဝန်ကြီးဌာန၊အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနရဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီကနေ ကိုရီးယားသမ္မတနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက်၂၀၂၄ခုနှစ်အတွင်း EPS စနစ်နဲ့ လုပ်သား(၁၁၀၀၀)ခန့် ရွေးချယ်ခေါ်ယူသွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက သိရပါတယ်။
အလုပ်သမားဝန်ကြီးဌာန၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာနဟာ ၂၀၂၃ခုနှစ်အတွင်း EPSစနစ်နဲ့လုပ်သား ၁၀၆၁၁ ဦးကို ကိုရီးယားသမ္မတနိုင်ငံက ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်းများမှာလုပ်ငန်းများလုပ်ကိုင်နိုင်ဖို့အတွက် ရွေးချယ်စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ရွှေ့ပြောင်းအ လုပ်သမားဌာနစုမှာ အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်နဲ့ ပြည်ပနိုင်ငံများကို သွားရောက်လုပ်ကိုင်မယ့် အလုပ်သမားများနှင့်ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြည်ပနိုင်ငံများကို သွား ရောက်လုပ်ကိုင်မယ့် အလုပ်သမားများအ တွက် OWIC ကတ်ထုတ်ပေးနေပြီး ပြည်ပနိုင်ငံများမှ ခွင့်ပြန်အလုပ် သမားများအတွက် ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့ နယ်ရှိ OWIC ကတ် ထုတ်ပေးရေးဌာနမှာ OWIC ကတ် စိ စစ်ခွင့်ပြုထုတ်ပေးနေတယ်လို့ သိရပါတယ်။
ပြည်ပနိုင်ငံများကို သွားရောက်အလုပ်လုပ်ကိုင်မယ့် အ လုပ်သမားများအတွက် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် ဇန်န ဝါရီလ ၉ ရက်မှ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ၃၁ ရက်အထိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်နှင့် မန္တလေး)တို့မှာ သင်တန်းသား ကျား ၃၁၉၃၃၂ ဦးနဲ့ မ ၁၂၅၅၉၆ ဦး စုစုပေါင်း ၄၄၄၉၂၈ ဦးတို့ကို သင်ကြားပို့ချပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။



