ကိုရီးယားပုံပေါက်အောင် မျက်နှာခွဲစိတ်ထားတဲ့ ထိုင်းမူးယစ် မှောင်ခို  ဘန်ကောက်မှာ ဖမ်းမိ

မူးယစ်တရားခံ ရဲ့ မွေးရာပါမျက်နှာ နဲ့ ခွဲစိတ်ထားတဲ့ မျက်နှာအသစ်ကို တွေ့ရပုံ
Photo Credit: Thailand National Police

ဘန်ကောက်၊ ဖေဖေါ်ဝါရီ ၂၇

ကိုရီးယားမင်းသားတွေလို မျက်နှာချောမော နေအောင် ပလတ်စတစ်ဆာဂျရီနည်းနဲ့ မျက်နှာပြောင်းထားတဲ့ ထိုင်းနိုင်ငံက မူးယစ်ဆေးရောင်းဝယ်တဲ့ သူ အသက်၂၅နှစ်အရွယ် ဆောင် ကျင်မင် ဆိုသူကို ထိုင်းရဲတပ်ဖွဲ့က ဒီနေ့ ဖေဖေါ်ဝါရီ ၂၇ ရက်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆောင် ဟာ သူ့ကိုယ်သူ “ချောချောမောမောကိုရီးယားအမျိုးသား” တစ်ယောက်နဲ့ တူအောင် မျက်နှာပလတ် စတစ် ဆာ ဂျရီ ခွဲစိတ်မှုတွေလုပ်ပြီး ဥပဒေကို ရှောင်လွှဲခဲ့တာလို့ ဒေသဆိုင်ရာထိုင်းအာဏာပိုင်တွေ က ပြောပါ တယ်။

သူ့ကို  မွေးစားခဲ့တဲ့ ဆာဟာရတ် ဆာဝနမ်ကန် ဆိုသူလည်း  ပြီးခဲ့တဲ့အပတ်က ဘန်ကောက်မှာရှိတဲ့ ကွန်ဒိုတစ်ခု မှာ ဖမ်းဆီး ခံခဲ့ရပါတယ်။

“သုံးလကြာ လိုက်ရှာခဲ့ရတဲ့ ရဲက သူ့ရဲ့ အရင်မျက်နှာနဲ့ တူတာဆိုလို့ ဘာတစ်ခုမှ မကျန်တော့ဘူးလို့ ပြောပါတယ်။

တရားခံ ဆောင်ဟာ သူ့နာမည်ကိုလည်း ကိုရီးယားနာမည် ပြောင်းခဲ့သလို ရဲတပ်ဖွဲ့က ရိုက်ထားတဲ့ ဗီဒီယို တစ်ခုမှာတော့ သူက “ကျွန်တော် ဘဝသစ်ကို စတင်ချင်တယ်၊ ထိုင်းနိုင်ငံကို ငြီးငွေ့နေပါပြီ တောင်ကိုရီးယားကို ပြောင်းနေချင်တယ်” လို့ ပြောဆိုထား တာတွေ့ရပါတယ်။

ဒီနေ့မှာတော့ ဆောင့်ကို   မူးယစ်ဆေးဝါးတရားမဝင် တင်သွင်းရောင်းဝယ်မှုနဲ့ တရားစွဲဆိုထားလိုက်ပြီလို့ သိရပါတယ်။ သူက ခစ်ပတိုကာရန်စီ ကိုသုံးပြီး  စိတ်ကြွဆေးပြားလို့ လက်ရှိ လူသိများနေတဲ့ MDMA ကို ရောင်းဝယ်ခဲ့ကြောင်းလည်း သိရပါတယ်။

Ref:BBC

ဘန်ကောက်မှာ အဖမ်းခံ ထားရတဲ့တရားခံ ဆောင် ကျင်မင်
Photo Credit: Thailand National Police

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *