ဆိုးလ်၊ ဖေဖေါ်ဝါရီ ၂၀
ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ထံ ကားတစ်စီးကို လက်ဆောင် ပေးခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဖေဖေါ်ဝါရီ ၂၀ရက် အင်္ဂါနေ့မှာ ပြောဆိုခဲ့ပြီး ဒါဟာ နှစ်နိုင်ငံကြား ဆက်ဆံရေး နွေးထွေးစေတဲ့ နောက်ထပ်လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
ကင့် တစ်ကိုယ်ရေသုံးဖို့ အတွက် ရုရှားလုပ်ကား တစ်စီးကို ရုရှားကိုယ်စားလှယ်အဖွဲ့က ဖေဖေါ်ဝါရီ ၁၉ရက် တနင်္ဂနွေနေ့က ပေးပို့ခဲ့တဲ့အကြောင်း နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ကင့်ရဲ့ ညီမနဲ့အတူ ပြုံယမ်းရဲ့ အကြီးတန်းအရာရှိ ကင်ယိုဂျောင် တို့က ကျေးဇူးတင်စကားပြောခဲ့ပြီး “လက်ဆောင်ဟာ မြောက်ကိုရီးယား နဲ့ ရုရှားနှစ်နိုင်ငံရဲ့ထိပ်တန်းခေါင်းဆောင်တွေကြား အထူးကိုယ် ရေးကိုယ်တာဆက်ဆံရေးကို ရှင်းလင်းစွာပြသခြင်းဖြစ်တယ်” လို့လည်း KCNA က ထုတ်လွှင့်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင်သင့်ပြင်နေကြတာကို ကြည့်ပြီး ရေရှည်ဂယက်ရိုက်ခတ်တွေနဲ့ ပတ်သက်ပြီးလည်း အမေရိကန်ထောက်လှမ်းရေးအရာရှိတွေက ပိုပြီးစိုးရိမ်နေကြတဲ့အကြောင်း ထောက်လှမ်းရေးနဲ့ ရင်းနှီးတဲ့အရာရှိတွေက CNN ကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားဟာ မကြာသေးတဲ့ ရက်သတ္တပတ်တွေက ယူကရိန်းပစ်မှတ်တွေကို မြောက်ကိုရီးယားက ထောက်ပံ့ပေး ထားတဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။
Ref: CNN
ပုံစာ။ ကင်ဂျုံအွန့်ကို တွေ့ရပုံ
Feature Image Credit: Linh Pham/Getty Images



