ဟောင်ကောင်၊ မေ ၂၂
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအကြောင်း စုံစမ်း ဖော်ထုတ်ရေးသားခဲ့တဲ့ တရုတ်နိုင်ငံသူ သတင်းသမား ဂျန်ဇန် ဒီနေ့ မေ ၂၂ရက် ဗုဒ္ဓဟူးနေ့မှာ အကျဥ်းထောင်ကနေ ပြန်လွတ်လာခဲ့ပြီ ဖြစ်ပါတယ်။
ရှေ့နေတစ်ယောက်လည်း ဖြစ်ခဲ့တဲ့သတင်းထောက် ဂျန်ဇန်ဟာ လူ ၁၁ သန်းနေထိုင်နေတဲ့ ဝူဟန်မြို့ကြီးကို ကိုဗစ်ကပ်ရောဂါကြောင့် အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် ပိတ်ဆို့ လိုက်တဲ့ကြားကပဲ မြေပြင်က အဖြစ်မှန်တွေကို ဖော်ထုတ်ရေးသားဖော်ပြခဲ့ပါတယ်။
မကြာခင်ပဲ ဂျန်ဇန်ကို သတင်းမှားတွေ ရေးသားဖော်ပြတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၀ခုနှစ် မေလမှာ ဖမ်းဆီးထောင်ချခဲ့တာ ဖြစ်ပါတယ်။
ခုချိန်မှာ ဂျန်ဇန်တစ်ယောက် လွတ်လာပြီ ဆိုပေမယ့် သူ့မိသားစုနဲ့ အတူ အိမ်မှာနေနေပြီလားဆိုတာကို အခုအချိန်အထိ အတည်ပြုချက်မရ သေးပါဘူး။ ငါတို့အားလုံး စောင့်နေကြတုန်းပဲ” ဆိုပြီး “Free Zhang Zhan” လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ဗြိတိန်အခြေစိုက် ထောက်ခံသူ ဂျိန်းဝန်းက ပြောပါတဘ်။
ဒါ့အပြင် “သူရဲ့ မိဘတွေနဲ့ ညီအစ်ကိုတွေဟာ ကြီးမားတဲ့ ဖိအားတွေအောက်မှာ ရှိနေတာကို နားလည်ပြီး မီဒီယာတွေကို အင်တာဗျူးတွေ မလုပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်” လို့ ဂျိန်းက ပြောပါတယ်။ ဒါတင်မက သူငယ်ချင်းတွေ ဖုန်းခေါ်လို့လည်း ခုထိမရသေးလို့ အားလုံးက စိုးရိမ်နေရတုန်းပဲလို့ သိရပါတယ်။
Ref: CNN
ပုံစာ။ သတင်းထောက် ဂျန်ဇန် ကို ၂၀၂၀ ခုနှစ်က တွေ့ရပုံ
Feature Image Credit: EyePress News/Reuters



