ကိုဗစ် ၁၉ ကူးစက်နူန်း မြင့်လာတဲ့  တရုတ်နိုင်ငံရဲ့ ကုန်ထုတ် လုပ်မှု အချက်အချာမြို့ ကွမ်ကျိုးမှာ လူသန်းပေါင်းများစွာ လောခ်ဒေါင်းချ

အဖြူရောင်  ဝတ်စုံတွေ ၀တ်ထားတဲ့ အာဏာပိုင်တွေက ကူးစက်အန္တရာယ်များတဲ့ ရပ်ကွက်တစ်ခုထဲက နေထိုင်သူတွေ (အပြာရောင်ဝတ်စုံဝတ်ဆင်ထား)ကို  နိုဝင်ဘာ ၅ ရက်က ဘေးကင်းရာ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပုံ 
Photo Credit: Chinatopix/AP

ကွမ်ကျိုး၊ နိုဝင်ဘာ ၉

တရုတ်အာဏာပိုင်တွေဟာ  အခုနှစ် ၂၀၂၂အစောပိုင်းကလို  ရှန်ဟိုင်းမြို့ကြီးကိုလောခ်ဒေါင်းချ ပိတ်ဆို့လိုက်ရတဲ့အဖြစ်မျိုးကို ရှောင်ရှားဖို့ အရေးပေါ်အနေနဲ့ တရုတ်နိုင်ငံတောင်ပိုင်းမြို့တော် ကွမ်ကျိုးမှာ နေထိုင်နေတဲ့ လူ၅သန်းကျော်ကို  အပြင်ထွက်ခွင့်ပိတ်ဆို့ထားလိုက်တယ်လို့ သိရပါတယ်။

ကွမ်ကျိုးဒေသတွင်းက ကူးစက်မှု၃၀၀၇ခုကို ဗုဒ္ဓဟူးနေ့အစီရင်ခံစာမှာ တင်ပြလိုက်ပြီးတဲ့နောက်  ဒီကူးစက်မှုက တရုတ်နိုင်ငံတစ်ဝှမ်း  စိုးရိမ်ဖွယ်ကူးစက်မှုအသစ် ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

လူဦးရေ ၁၉ သန်းနေထိုင်နေတဲ့ ကွမ်ကျိုးမြို့ဟာ တရုတ်နိုင်ငံရဲ့  ကိုဗစ်ကူးစက်မှုနောက်ဆုံးဗဟိုချက် ဖြစ်လာပြီး ရောဂါကူးစက်မှုအသစ် ၁,၀၀၀ ကျော်ကို မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ ကျန်မာရေးဌာနရဲ့ အဆိုအရ သိရပါတယ်။ နိုင်ငံရဲ့   ကိုဗစ်သုညစံနှုန်းအရ  အဆိုပါကူးစက်မှုဟာ ငါးရက်အတွင်း,အတော်လေးမြင့်မားတဲ့ကိန်းဂဏန်းဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါဟာ ကွမ်ကျိုးကို  ကိုဗစ် ၁၉ကပ်ရောဂါစတင် ကူးစက်ခံရချိန်ကစလို့ အခုအချိန်ဟာအဆိုးရွားဆုံးဖြစ်တယ်လို့ ပြောပါတယ်။။ ကွမ်ကျိုးဟာတရုတ်နိုင်ငံအတွက် အဓိကစီးပွားရေးအင်အားကြီးဒေသဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာကုန်ထုတ်လုပ်မှုဗဟိုချက်ဖြစ်တဲ့ ဂွမ်ဒေါင်း ပြည်နယ်ရဲ့မြို့တော်လည်း ဖြစ်ပါတယ်။

ကွမ်ကျိုးကူးစက်မှု ဖြစ်ပွားရာအများစုကပုလဲမြစ်ရဲ့တောင်ဘက်ကမ်းမှာရှိတဲ့ လူ ၁ဒဿမ၈ သန်းနေထိုင်ရာခရိုင်မြို့တစ်ခုဖြစ်တဲ့ဟိုက်ဂျူ ကိုဗဟိုပြုထားတာ ဖြစ်ပါတယ်။ အဲ့ဒီဒေသမှာပြီးခဲ့တဲ့ စနေနေ့ကစပြီး ဝင်ထွက်လမ်းတွေကို အာဏာပိုင်တွေကသော့ခတ်ခဲ့ပြီး ဒေသခံတွေ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ အမိန့်ပေးလိုက်တဲ့အပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေးဘတ်စ်ကားကနေစပြီး မြေအောက်ရထားတွေ အထိ အားလုံးကို ဆိုင်းငံ့ထားလိုက်ပါတယ်။ ပထမအဆင့်အနေနဲ့ လောခ်ဒေါင်းကာလက တနင်္လာနေ့အထိ   သုံးရက်ပဲ ကြာမယ်လို့ ဒေသခံတွေက ထင်ခဲ့ပေမယ့် တကယ်တမ်းမှာ  သောကြာနေ့အထိ သက်တမ်းတိုးခဲ့ပါတယ်။

နောက်ထပ်ကူးစက်မှု ကျယ်ပြန့်လာတဲ့ လူဦးရေ ၃ဒဿမ၈ သန်း နေထိုင်နေတဲ့ နောက်ထပ်ခရိုင်နှစ်ခုကိုလည်း  နိုဝင်ဘာ ၉ရက် ဗုဒ္ဓဟူးနေ့မှာ စပြီး လောခ့်ဒေါင်းချခဲ့ပါတယ်။

ကွမ်ကျိုးမြို့အနောက်ဘက် လီဝမ်ခရိုင်ဟောင်းမှာ နေထိုင်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့အမိန့်ထုတ်ခဲ့သလို့ ခရိုင်အတွင်းမှာရှိတဲ့ ကောလိပ်နဲ့ တက္ကသိုလ်တွေကို ယာယီပိတ်ပြီး ကျောင်းဝင်းအားလုံးကိုလည်း ပိတ်ထားဖို့အမိန့်ထုတ်ခဲ့ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အထောက်အပံ့တွေ  ပေးတာကလွဲပြီး စားသောက်ဆိုင်မှာ စားသောက်တာကို တားမြစ်ထားသလို စီးပွားရေးလုပ်ငန်းတွေကိုလည်းပိတ်ထားဖို့ အမိန်ထုတ်ပြန်ခဲ့ပါတယ်။

ရောဂါဖြစ်ပွားနေရာ ဒေသဖြစ်သလို နိုင်ငံအတွင်း အလုပ်အများဆုံးတွေထဲက တစ်ခုလည်းဖြစ်တဲ့ ကွမ်ကျိုး အပြည်ပြည်ဆိုင်ရာလေဆိပ်အတက်အဆင်း ခရီးစဥ်တွေ အစုလိုက်အပြုံလိုက် ဖျက်သိမ်းခဲ့ပါတယ်။ နိုဝင်ဘာ၁၀ရက် ကြာသပတေးနေ့ မနက်ပိုင်းအထိ ကွမ်ကျိုး နဲ့ဆိုင်တဲ့ ဆိုက်ရောက်၊ထွက်ခွာ လေကြောင်းခရီးစဉ် ၁၀၀၀ နီးပါးရဲ့  ၈၅ ရာခိုင်နှုန်းကို ဖျက်သိမ်းလိုက်တဲ့အကြောင်းလည်း လေကြောင်းခြေရာခံကုမ္ပဏီ ဗာရီဖလိုက်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Ref:CNN

လောခ်ဒေါင်းပိတ်ဆို့ ထားတဲ့ ရပ်ကွက်တစ်ခုမှာ တာဝန်ယူစောင့်ကျပ်နေတဲ့ ဝန်ထမ်းတချို့
Photo credit: Photograph: Thomas Peter/Reuters

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *