
Photo Credit: (Photo: AFP/Spencer Platt/Getty Images)
ဂျနီဗာ၊ ဧပြီ ၁၈
ကိုဗစ်-၁၉ ကပ်ရောဂါဟာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး မတည်ငြိမ်သေးကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၁၈ရက်၊ အင်္ဂါနေ့ မှာ သတိပေးပြောဆိုလိုက်ပါတယ်။
ဒီနေ့အချိန်အထိ ကိုဗစ်-၁၉ ကပ်ရောဂါဟာ မငြိမ်မသက် ဆက်ဖြစ်နေပြီး ကြိုတင်ခန့်မှန်းနိုင်တဲ့ အခြေအနေကို မရောက်မီ နောက်ထပ်ပြဿနာတွေ ရှိလာနိုင်တဲ့ အကြောင်းကိုလည်း ပြောဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ ဆီကို တင်ပြလာတဲ့ အချက်အလက်တွေအရ လွန်ခဲ့တဲ့ ၂၈ ရက်အတွင်း သေဆုံးမှု ၂၃,၀၀၀ ကျော်နဲ့ ရောဂါကူးစက်မှုအသစ် ၃ သန်းကျော် ရှိနေဆဲ ဖြစ်တဲ့အကြောင်း သိရပါတယ်။
“ကူးစက်ဖြစ်ပွားမှုအရေအတွက်တွေ လျော့ကျနေချိန်မှာပဲ သေဆုံးသူတွေ အများကြီးရှိနေဆဲဖြစ်ပြီး ဖျားနာသူတွေလည်း အများကြီးရှိနေဆဲပါ” လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်ဌာန ဒါရိုက်တာ မိုက်ကယ် ရိုင်ရန် က သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိုဗစ်-၁၉ အရေးပေါ်ကော်မတီဟာ နောက်ထပ် သုံးလတစ်ကြိမ်အစည်းအဝေးကို လာမယ့် မေလ အစောပိုင်းမှာ လုပ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
အဖွဲ့ကြီးရဲ့ အဆိုအရ နိုင်ငံတချို့မှာတော့ ကာကွယ်ဆေးမထိုးရသေးတဲ့ ပြင်းထန်စွာ ကူးစက်ခံနေရတဲ့ လူနာ တွေ အများ အပြားရှိနေဆဲဖြစ်ပြီး တချို့နိုင်ငံတွေကတော့ အရေးပေါ်အခြေအနေမဟုတ်တော့ကြောင်း ကိုလည်း ခြုံငုံပြောဆို ခဲ့တယ် လို့ သိရပါတယ်။
Ref: cna