၄ စက်တင်ဘာ၊၂၀၂၃
ကိုဗစ်ကပ်ရောဂါအလွန် တရုတ်နိုင်ငံရွှေလီသို့ တရားဝင် ပြန်လည်သွားလာခွင့်ကို စက်တင်ဘာလ ၄ ရက် က ပြန်လည် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မူဆယ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့က သိရသည်။
လွန်ခဲ့သော ၂၀၂၀ ပြည့်နှစ်က စတင်၍ ပိတ်ထားသော အဆိုပါ တရားဝင်လမ်းကြောင်းကို ကိုဗစ်ကန့် သတ် ချက်များ ဖြေလျှော့ပြီးနောက် ပထမဆုံး အနေဖြင့် ပြန်လည် ခွင့်ပြုခြင်းလည်း ဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံသို့အလည်အပတ် ဝင်ထွက်နိုင်ရန် (၆)ညအိပ်(၇)ရက် တစ်ခါသုံးကဒ် (TBP)ကို မူဆယ်မြို့ရှိ နန်း တော်ဂိတ်-ဆင်ဖြူဂိတ်- မန်ဝိန်းဂိတ် တို့တွင် စက်တင်ဘာလ ၄ ရက် မွန်းတည့် ၁၂ နာရီအချိန်က စတင်၍ ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

“ဘယ်တိုင်း ဘယ်ပြည်နယ်ကပဲ ဖြစ်ဖြစ် လူကိုယ်တိုင် မှတ်ပုံတင်ပြရင် တစ်ခါသုံးကဒ်လုပ်လို့ ရပါတယ်။ တစ်ယောက်ကို ငွေ ၂၀၀၀၀န်းကျင်ပဲ ကျတယ်ခင်ဗျ။တရုတ်ပြည်ရွှေလီခရိုင်ထဲကိုပဲ သွားခွင့်ပြုတာ၊ အလည် အပတ်ပဲ ရတာပေါ့။မြဝတီကနေ မဲဆောက်ကို သွား လည်သလိုမျိုးပဲ၊အတွင်းထဲထိ သွားလို့ မရပါဘူး၊ကိုဗစ် မတိုင်ခင်က သွားခွင့်ရခဲ့တယ်။အခုက ကိုဗစ်ကန့်သတ် ချက်တွေကို တရုတ်က ဖြေလျှော့ လိုက်တာကြောင့်ဖြစ် ပါတယ်။မူဆယ်ခရိုင်အပါအဝင် တစ်နိုင်ငံလုံးက လူတွေ အနေနဲ့ မှတ်ပုံတင်ရှိတယ်ဆိုရင် ဝင်ခွင့်ပြုတယ်။ရွှေလီ နယ်စပ်မှာ အလုပ်သမားတွေအတွက် ဆိုတာ မရှိဘူး၊မြ၀ တီဘက်မှာက ၂ နိုင်ငံ အလုပ်သမား MOU ရှိတယ်။ ရွှေလီ-မူဆယ်မှာက မရှိဘူး၊တရားဝင် အလုပ်လုပ်နေတာ မရှိဘူး။အခုသွားနေတဲ့သူတွေ အားလုံးအလုပ်လုပ် ခွင့်မရှိဘူး၊အဲဒါကြောင့် တရုတ်တွေက ပိုက်ဆံ ရှင်းတဲ့နေ့ကျ ရင် ရဲနဲ့ပေါင်းပြီးတော့ တရားမဝင်ဆိုပြီး ပိုက်ဆံမ ပေးတော့ဘူး။တရုတ်ရဲက ဖမ်းပြီး ချုပ်လိုက်တယ်။အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ MOU လုပ်သင့်တယ်။ ဒါကို လည်း ၂ နိုင်ငံ အစိုးရ ညှိနှိုင်းနေတာလည်း ကြာပြီလို့ သိရ တယ်။အလုပ်သမားဝန်ကြီးဌာန၊ လဝက၊ နိုင်ငံခြားရေး၊ပြည်ထဲရေး ဝန်ကြီးဌာနတွေက သဘောတူတယ်ဆိုမှ အကောင်အထည်ပေါ်မှာပါ။ ကိုဗစ်ပြီးတဲ့ နောက် အရင်လို သွားလာခွင့်ကို ပြန်ပြီးတော့ခွင့်ပြုတာပေါ့။အရင်က ကိုဗစ်သတ်မှတ်ချက်တွေ ကို ဖြေလျှော့ ပေးလိုက်တာ ဖြစ်တယ်”ဟု မူဆယ်လူသားချင်းစာနာရေးအဖွဲ့ဝင် တစ်ဦးက ရှင်းပြသည်။