
photo credit:odyssey traveller
ခတ္တမန္ဒူ၊ ဩဂုတ် ၂၇
ဟိမဝန္တာနိုင်ငံ လို့ ခေါ်တဲ့ ဘူတန်နိုင်ငံရဲ့ ခရီးသွားလာရေး တာဝန်ရှိသူတွေက ကိုဗစ်-၁၉ ကန့်သတ်မှုတွေလုပ်အပြီး ကျဆင်းသွားတဲ့ နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ပြန်ပြီး ခေါင်းထောင်လာဖို့ ပုံမှန်ကောက်ခံနေတဲ့ တစ်ရက်တာ လည်ပတ်ခ ဝင်ကြေးငွေ အမေရိကန် ဒေါ်လာ ၂၀၀ အစား တစ်ဝက်လျှော့ချပြီး ဒေါ်လာ ၁၀၀ ပဲကောက်ခံတော့မယ်လို့ ကြေငြာလိုက်ပါတယ်။
တစ်ညအိပ်ခ ဒေါ်လာ ၁၀၀သာ ကောက်ခံတော့မယ့် နှုန်းထားအသစ်ဟာ လာမယ့် စက်တင်ဘာလ ကစပြီး အသက်ဝင် မှာ ဖြစ်ပြီး နောက်ထပ်လေးနှစ်ကြာအထိ ဒီနူန်းအတိုင်း ကောက်ခံမှာ ဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
“ဒါဟာ အလုပ်အကိုင်ဖန်တီးရေး၊ နိုင်ငံခြားငွေရရှိရေးနဲ့ အလုံးစုံစီးပွားရေးတိုးတက်မှုကို မြှင့်တင်ရာမှာ ခရီးသွားကဏ္ဍဟာ အရေးပါတဲ့ အခန်းကဏ္ဍလို့ ရှုမြင်ပါတယ်” ဆိုတဲ့အကြောင်း အစိုးရ တာတန်ရှိသူတွေက ပြောပါတယ်။
မျိုးဆက်ပေါင်းများစွာကြာသည့်တိုင် အထီးကျန်ဆန်ခဲ့ရတဲ့ ဘူတန်နိုင်ငံဟာ ၁၉၇၄ ခုနှစ်က လာလည်တဲ့ ဧည့်သည် ၃၀၀ ပဲ ရှိခဲ့ရာက ၂၀၁၉ခုနှစ်အရောက်မှာတော့ ခရီးသွား ၃၁၅၆၀၀ အထိ မြင့်တက်လာခဲ့ ပေမယ့် ကိုဗစ်ကြောင့် ခရီးသွား လုပ်ငန်းတစ်ခုလုံး သုည ကို ပြန်ရောက်ခဲ့ရပါတယ်။
ဒီနေ့မှာတော့ ဘူတန်ဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေပြီး သူတိုရဲ့ တိုင်းပြည်တစ်နှစ်တာ ဝင်ငွေရဲ့ ၅ရာခိုင်နူန်းကနေ ၂၀ရာခိုင်နူန်းအထိ ဝင်လာလိမ်မယ်လို့ မျှော်လင့်ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ကပ်ရောဂါမဖြစ်ပွားခင် ရှေ့သုံးနှစ်မှာတော့ ဘူတန်ဟာ ခရီးသွားလုပ်ငန်းကနေပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း၈၀ လောက်ရခဲ့ တယ်လို့ ဆိုပါတယ်။ ဘူတန်နိုင်ငံသား ၅၀၀၀၀ လောက်ကလည်း ခရီးသွားလုပ်ငန်းကိုပဲ ထဲထဲဝင်ဝင် လုပ်နေကြတယ်လို့ သိရပါတယ်။
Ref: Reutres
Feature Images Credit: veena world