ကိုင်လီ ဂျန်နာ နဲ့ ထရာဗစ် စကော့ တို့ ဒုတိယရင်သွေး သားလေးမွေး

လူငယ်ဘီလျံနာ မော်ဒယ်လ်နဲ့ ဖက်ရှင်ဒီဇိုင်နာ ကိုင်လီ ဂျန်နာနဲ ့ ရက်ပါ ထရာဗစ် စကော့တို့ရဲ့ ဒုတိယမြောက်ရင်သွေးလေးကို ထူးထူးခြားခြား နေ့ရက်တစ်ခုဖြစ်တဲ့ ၂.၂.၂၂ မှာ မွေးဖွားခဲ့ပြီး သားလေးဖြစ်တဲ့အကြောင်း ဖေဖေါ်ဝါရီ ၆ရက်နေ့က သူတို့ရဲ့ အင်စတာဂရမ်မှာ ရက်သားလေးပဲ ရှိနေသေးတဲ့ သားလေးရဲ့ လက်ကလေးကို ရိုက်ပြထားတဲ့ အဖြူအမည်း ဓါတ်ပုံလေးတင်ပြီး ပရိသတ်တွေကို သတင်းအတည့်ပြု ပေးလိုက်ပါတယ်။ သူတို့ ပရိသတ်တွေကလည်း ကလေးလေးရဲ့ လက်ကလေးကိုပဲ မြင်ရပေမယ့် ပျော်ရွင်မှုကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။

ကိုင်လီ နဲ့ ထရာဗစ်တို့ရဲ့ ပထမဆုံးသမီးဦးလေး ဖြစ်တဲ့ စထရော်မီ ဝက်ဘ်စတာ က အခုဆို အသက် လေးနှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ ဒီနေရာမှာ စထရော်မီက မောင်လေးတစ်ယောက်ရခဲ့လို အရမ်းကိုပျော်နေတယ်လို့ သိရပါတယ်။ နောက် ဒီမောင်နှမလေး နှစ်ယောက်ရဲ့ တိုက်တိုက်ဆိုင်ဆိုင် ထူးခြားချက်ကတော့ စထရော်မီလေးက ၂၀၁၈ ဖေဖေါ်ဝါရီ ၁ ရက်နေ့ မှာ မွေးခဲ့တာဖြစ်ပြီး အခု သူ့မောင်လေး ကိုတော့ ၂၀၂၂ ဖေဖေါ်ဝါရီ ၂ ရက်နေ့ မွေးခဲ့တာ ဆိုပြန်တော့ တော်တော့်ကို ထူးခြားတဲ့ တိုက်ဆိုင်မှု အဖြစ် ပရိသတ်တွေအကြား လူပြောသူပြောများနေတယ်လို့ သိရပါတယ်။
အခုဆို ကိုင်လီက အသက် ၂၄နှစ်သာရှိသေးပြီး အသက်ငယ်ငယ်လေးနဲ့ဘီလျံနာတစ်ယောက် ဖြစ်နေတဲ့သူ ဖြစ်ပြီး သူ့ခင်ပွန်း နာမည်ကျော် အမေရိကန်ရက်ပါ ထရာဗစ် စကော့ကတော့ အသက် ၃၀ အရွယ် ရှိနေပြီဖြစ်ပါတယ်။
Ref: HL

Visited 18 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *