ကိုင်ရိုမှာ  အသတ်ခံခဲ့ရတဲ့ အီတလီကျောင်းသားအမှု မရေမရာ ဖြစ်နေလို့ တရားစီရင်မှုအသစ် ထပ်လုပ်ဖို့ ပြင်ဆင်

ရုမ်း၊ ဖေဖေါ်ဝါရီ ၂၀

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ  အသတ်ခံခဲ့ရတဲ့ အီတလီကျောင်းသားတစ်ယောက်အတွက် ဆန္ဒဖော်ထုတ် တောင်းဆို တာတွေ အပြီး  တရားစီရင်မှုအသစ် ပြန်လုပ်ဖို့ အီဂျစ်တရားရုံတော်က ဆုံးဖြတ်ချက်ချခဲ့တယ်လို့ သိရပါတယ်။

ကိုင်ရိုမှာ  ပြန်ပေးဆွဲသတ်ဖြတ်ခံခဲ့ရတဲ့အီတလီကျောင်းသားအမှုကို တရားမျှတမှုရှိစေဖို့အရေး အီတလီဘက်က ကြိုးပမ်းမှုတွေကြောင့်   သတ်ဖြတ်မှု့အတွက် စွပ်စွဲခံထားရတဲ့ အီဂျစ်လုံခြုံရေးအရာရှိလေးယောက်ကို ဖေဖေါ်ဝါ ရီ ၂၀ရက်မှာ ဒုတိ ယအကြိမ် ရုံးတင်စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဂျူလီယို ရက်ဂျနီ ဟာ ၂၀၁၆ခုနှစ် ဇန်နဝါရီမှာ သုတေသနလုပ်ငန်း လုပ်ကိုင်နေတုန်း ပြန်ပေးစွဲ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ရုပ်အလောင်းကို ကိုးရက်အကြာ အီဂျစ်မြို့တော် ကိုင်ရိုရဲ့ ဆင်ခြေ ဖုံး တစ်နေရာမှာ စွန့်ပစ်ထားတာ တွေ့ရပြီး ခန္ဓာကိုယ်မှာ  ပြင်းထန်တဲ့  ညှင်းပန်းနှိပ်စက်မှု လက္ခဏာ တွေပါ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

လူသတ်မှုကြောင့်  အီတလီနဲ့ အီဂျစ်ကြား ဆက်ဆံရေး ပြင်းထန်တင်းမာခဲ့ပြီး နောက်ပိုင်းမှာလည်း အီတလီ ပါလီမန်အမတ်တွေက ကိုင်ရိုအနေနဲ့  သံသယရှိသူတွေကို စုံစမ်းဖို့ ကြိုးပမ်းတဲ့အခါ ပွင့်လင်းမှု မရှိဘူးလို စွပ်စွဲထားကြတာ ဖြစ်ပါတယ်။

ရက်ဂျနီဟာ  နိုင်ငံခြားသူလျှိုတစ်ယောက်လို့ အထင်ခံရပြီး သတ်ဖြတ်ခံရတာလို့ အီဂျစ်စုံစမ်းစစ်ဆေးရေအဖွဲ့ တာဝန်ရှိသူတွေက ယူဆနေတာက ပြသနာကို ပိုကြီးထွားစေခဲ့တာဖြစ်ပါတယ်။

လက်တွေမှာလည်း ရက်ဂျနီက သူ့ရဲ့ပါရဂူအလုပ်တစ်စိတ်တစ်ပိုင်းအနေနဲ့ ထိလွယ်ရှလွယ် နိုင်ငံရေးပြဿနာ ဖြစ်တဲ့ အီဂျစ်အလုပ်သမားသမဂ္ဂတွေကို သုတေသနပြုနေတဲ့သူလည်း ဖြစ်နေပြန်ပါတယ်။

သူ့အမေက သူ့သားခန္ဓာကိုယ်ကို ဆိုးဆိုးရွားရွား ဖြတ်တောက်ထားတာမို့ သူ့သားကို ” စိတ်နဲ့သာ ခံစားပြီး ကြည့်လို့သာ မှတ်မိတာပါ”လို့  ပြောခဲ့ကြောင်းလည်း သိရပါတယ်

Ref: AFP

ပုံစာသေဆုံးသူ ရက်ဂျနီ အတွက် အီတလီမှာ ဆန္ဒ ဖော်ထုတ်နေကြပုံ

Feature Image credit: AFP/File/Marco BERTORELLO)

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *