အင်းစိန်မြို့နယ်ကနေ နေပြည်တော်ကို သွားဖို့ ကားငှားစီးလာတဲ့သူတွေဖြစ်

လုယူခံလိုက်ရတဲ့ကားကို တွေ့ရပုံ
ဓါတ်ပုံ။ CJ
ရန်ကုန်၊ ဧပြီ ၇
ရန်ကုန်-နေပြည်တော်အမြန်လမ်း၊သာဂရ ကိုးပင် ရိုးမ ဖြတ်လမ်းအနီး၊ ဖိုးကျားဆင် စခန်းအကျော်လောက်မှာ ဧပြီလ၇ရက် ည၉နာရီခွဲလောက်က ရန်ကုန်ကနေ နေပြည်တော်ကို သွားဖို့အတွက် ကားငှားစီး လာတဲ့လင်မယားက အငှားယာဉ်မောင်းကို စကေပါနဲ့ထိုးပြီး အငှားကားကို လုယူထွက် ပြေးသွားတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
လုယူခံလိုက်ရတဲ့ကားဟာ Toyota Succed အမျိုးအစားဖြစ်ပြီး ယာဉ်နံပါတ်ကတော့ 7E/4003ဖြစ်ပါတယ်။
ကားလုခံခဲ့ရတဲ့ဖြစ်စဉ်မှာ ယာဉ်မောင်း အနေနဲ့ လည်ပင်းအနီးတစ်ချက်နဲ့ နောက် ကျောဘက်တစ်ချက်စုစုပေါင်း စကေပါနဲ့ ၂ချက်ထိုးခံခဲ့ရပြီး ကားလုယက်ခဲ့သူ လင် မယားက လမ်းဘေးမှာ ပစ်ထားခဲ့ကြတာပါ။
ဒဏ်ရာရရှိခဲ့သူအငှားယာဉ်မောင်းကို ရွှေဂုံသုခလူမှုရေးအသင်းကမော်တော်ယာဉ်နဲ့နီးစပ်ရာ ဆွာဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး နောက် ဆွာဆေးရုံကနေ ဇီဝိတဒါန အသင်း (ဆွာ)နဲ့လူငယ်တွဲလက်များအသင်းတို့က မော်တော်ယာဉ်တွေနဲ နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံကို ဆက်လက်ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။
လုယက်ခံခဲ့ရတဲ့ Toyota Succeed အမျိုး အစားယာဉ်နံပါတ် 7E/4003ကို တွေ့ရှိသူ တွေအနေနဲ့ ဖုန်းနံပါတ် ၀၉၄၂၀၁၀၆၂၉၁ ကို ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့ လည်း သိရပါတယ်။