ကာလုံအစည်းအဝေးတက်ခဲ့တဲ့ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကို NLD ပါတီဝင် အဖြစ်မှထုတ်ပယ်

နစက ခြောက်လသက်တမ်းထပ်မံတိုးခဲ့တဲ့ ကာလုံအစည်းအဝေး တက်ရောက်ခဲ့တဲ့ NLDပါတီမှ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူကို NLDပါတီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့တယ်လို့ NLDပါတီရဲ့ လူမှု ကွန်စာမျက်နှာမှာ သြဂုတ်လ (၉) ရက် ကသတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။

NLDပါတီမှ ထုတ်ပယ်ခံခဲ့ရတဲ့ ဒုတိယ သမ္မတဦးဟင်နရီဗန်ထီးယူဟာ တပ်မ တော်မှာဗိုလ်မှူးအဆင့်နဲ့ အငြိမ်းစား ယူခဲ့ပြီးနောက်အမှတ်၁စက်မှုဝန်ကြီးဌာနမှာ စက်ရုံမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ NLDပါတီဝင်ဖြစ်လာခဲ့ကာ ၂၀၁၅ ရွေး ကောက်ပွဲမှာ ချင်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၃)ရဲ့ လွှတ်တော်အမတ်အဖြစ်ရွေးကောက် ခံရပြီးနောက် ဒုတိယသမ္မတဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

ထန်တလန်ဇာတိ၊ချင်းလူမျိုးဦးဟင်နရီဗန်ထီးယူဟာ ၂၀၂၀ခုနှစ်ရွေးကောက်ပွဲ မှာလည်း NLDပါတီကို ကိုယ်စားပြုပြီး ချင်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၁၀) မဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *