စင်္ကာပူ၊ ဇွန် ၁၄
ဂရိနိုင်ငံ အေသင်မြို့ ကနေ ကာတာနိုင်ငံ ဒိုဟာမြို့ကို ထွက်ခွာတော့မယ့် ကာတာလေကြောင်းလိုင်း ခရီးစဥ် QR204 ခရီးစဉ်ဟာ လေယာဉ်မထွက်ခွာမီ ရုတ်တရက် စက်ချို့ယွင်းမှု ဖြစ်ခဲ့လို့ လေအေးစက်မပွင့်တော့တဲ့ လေယာဉ်ပေါ်မှာ ခရီးသည်တွေ အားလုံး သုံးနာရီခွဲကြာ ပိတ်မိခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဇွန်လ ၁၀ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လေယဉ်ပေါ်က အပူချိန်ဟာ အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာတဲ့ အတွက် ခရီးသည်တွေ မူးဝေ အသက်ရှုမဝစတာတွေခံစားခဲ့ရသလို တချို့က နှာခေါင်းသွေးယို့စိမ့်တဲ့ အထိဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ခရီးသည်တွေကို နာရီအတော်ကြာ လေယာဉ်ပေါ်က ပေးမဆင်းတဲ့ အကြောင်းကို ရှင်းလင်းတဲ့ ဖြေရှင်းချက်မပေးခဲ့ဘူးလို့လည်း ဘန်ကောက်ပို့စ် သတင်းအရ သိရပါတယ်။
လိုက်ပါစီးနင်းလာသူများထဲမှာ ထိုင်းအမျိုးသား မွေထိုင်းအသင်းက အဖွဲ့ဝင် ၄၉ ဦးနဲ့ သတင်းထောက်တချို့လည်း အပါအဝင်ပါ။ သူတို့ဟာ ဂရိနိုင်ငံ ပါထရပ်စ်က ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်အပြီး ဒိုဟာက တစ်ဆင့် အိမ်ပြန်ကြမယ့်သူတွေဖြစ်ပါတယ်။
ထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ သန်နာချိုင်းကဒီလို ဖြစ်ပြီး လေယာဉ်မထွက်ဖြစ်ခဲ့တာဘဲ ကံကောင်းတယ်လို့ ပြောရမယ်လို့ သူအမြင်ကို ပြောပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုဖိုင်မှာတော့ လေယာဉ်အနောက်ဘက်က မီးခိုးငွေ့တွေ ထွက်လာတာကိုမြင်ကြရပါတယ်။
နည်းပညာဆိုင်ရာပြဿနာကြောင့် ၂၀၂၄ ခုနှစ် ဇွန်လ ၁၀ ရက်က အေသင် (ATH) ကနေ ဒိုဟာ (DOH) ကို ပျံသန်းခဲ့တဲ့ QR204 နှောင့်နှေးမှုတွေအတွက် ကာတာလေကြောင်းလိုင်းက အထူးတောင်းပန်အပ်ပါတယ်”လို့ ပြောရေးဆိုခွင့်ရှိသူက Business Insider ပြောပါတယ်။
“ဒါ့အပြင် ခရီးသည်တွေ အနေနဲ့ သက်ဆိုင်ရာ စည်းမျဉ်းတွေနဲ့အညီ လျော်ကြေးရပိုင်ခွင့်များရှိကြောင်းလည်း အသိပေးထားတာ တွေရပါတယ်။
လေကြောင်းခရီးစဉ် QR204 ဟာ နောက်နေ့ ဇွန်လ၁၁ရက်မှာ ထွက်ခွာခဲပြီး နံနက် ၁၀နာရီ ၃၄မိနစ်မှာ ဒိုဟာကို ဆိုက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Ref: CNA
ပုံစာ။ အခင်းဖြစ်တဲ့ အခြေအနေကို တွေ့ရပုံ
Feature Image credit: Instagram/granitebodies/Louise Inzk



