ကလေး၁၀၀၀၀ ကျော်ကို အရှင်မွေးပေး ခဲ့တဲ့ အိနိ္ဒယက သားဖွားဆရာမ ကသီဂျာဘီ ဘီ

အိနိ္ဒယနိုင်ငံက အသက် (၆၀)ရှိပြီဖြစ်တဲ့ သူနာပြုသားဖွားဆရာမ ကသီဂျာဘီဘီဟာ သူ့လုပ်သက် ၃၃နှစ်အတွင်းမှာ ကလေး ပေါင်း ၁၀၀၀၀ကျော်က တစ်ဦးတစ် ယောက်မှမသေအောင် အရှင်မွေးပေးနိုင်ခဲ့တယ်။

အိနိ္ဒယတောင်ပိုင်း တမီးလ်နာဒူ ပြည်နယ် မှာ ပင်စင်ယူတဲ့အထိတောက်လျောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ သားဖွားဆရာမ ကသီဂျာဘီဘီဟာ သူတာဝန်ယူပြီးမွေးဖွား ပေးခဲ့သမျှကလေးတွေအားလုံးကို အ သက်ရှင်စေခဲ့တဲ့အတွက် နိုင်ငံတော်က ဆုတံဆိပ်ချီးမြှင့်ခဲ့တယ်လို့ဆိုတယ်။

သူ့အမေက ကျေးရွာသူနာပြုဆရာမဆိုတော့ သူငယ်ငယ်ကတည်းက အမေ့ကိုအားကျပြီး ကစားရင်တောင် ဆေးထိုးတမ်း သူနာပြု လုပ်တမ်းပဲ ကစားခဲ့တာလို့ ကသီဂျာဘီဘီက ရှင်းပြတယ်။

Visited 15 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *