စစ်ကိုင်းဒေသကြီး၊ကလေးမြို့က ကလေးလေဆိပ်မှာ နိုဝင် ဘာ၂၁ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တဲ့အတွက် ကလေးမြို့ကို ပြေးဆွဲနေတဲ့ လေ ကြောင်းခရီးစဥ်တချို့ကို ယာယီရပ်ဆိုင်းထားတယ်လို့ လေယာဥ်လက် မှတ်အရောင်းကိုယ်စားလှယ်တွေဆီက သိရပါတယ်။

“ဘာဖြစ်တယ်ဆိုတာတော့ သေချာမသိဘူး။လေဆိပ်ထဲကိုဒရုန်းနဲ့ ဗုံးချဲလို့ လေယာဥ်ပြေးလမ်းအချို့ပျက်စီးသွားတယ်လို့တော့ ကြားမိတယ်။လောလောဆယ်တော့ လေကြောင်းခရီးစဥ်တွေ ရပ်သွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကလေးလေဆိပ်ကို ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဥ်များရပ်တန်ခဲ့ရတာနဲ့ပတ်သက်ပြီး ကုန်သည်တစ်ဦးက “လေယာဥ်ဘယ်နေ့ ပြန်ပြေးဆွဲပေးမယ်ဆိုတာတော့ မသိရသေးဘူး။လေယာဥ်ပြန်ပြေးရင် ဆက်သွယ်ပေးမယ်လို့တော့ပြောထားတယ်”လို့ ပြောပါတယ်။
Visited 17 times, 1 visit(s) today



