ကလေးမြို့မှာ ကျပ်သိန်း၇၇၀၀တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့၊လှိုင်သာယာရပ် ကွက်က ဒိုကိပ်လျန်ရဲ့နေအိမ်ကို သတင်းအရ နိုဝင် ဘာလ၂၈ရက်နေ့ မွန်းလွဲ၂နာရီက လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ကာလတန်ဖိုး ငွေကျပ်သိန်း၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒ သမ ၄ ကီလိုကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတား ဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

နေအိမ်အတွင်းမှာ ဘိန်းဖြူတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ ပေါင်ရှင်းလာလ်၊ မဒိမ်ရှင်းဟွဲ့ နှင့် မကျိန်ရှင်းဟွဲတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *