ကလေးမြို့နယ်မှာ ကျပ်၃ ဒသမ ၆၉ဘီလီယံတန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာအနီးမှာ အောက်တိုဘာလ၁၈ရက်နေ့က မော် တော်ယာဥ်တစ်စီးပေါ်ကနေ ဒေသကာလတန်ဖိုးငွေကျပ်၃ ဒသမ ၆၉ဘီလီယံတန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့စိတ်ကြွရူးသွပ်ဆေးပြားတွေကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ အောက်တိုဘာလ၁၈ရက်နေ့က ကလေးမြို့နယ်၊နတ်ကြီးကုန်းကျေးရွာအနီးမှာ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မန္တလေးမှ ကလေးမြို့ကို ဧရာထွန်း(ခ) ဇေယျာထွန်း မောင်းနှင်ပြီး သီဟထွန်း လိုက်ပါလာတဲ့ မော်တော် ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှာ ကုန်ပစ္စည်းများနဲ့ဖုံးအုပ်သယ်ဆောင်လာတဲ့ ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသ မ ၆၉ ဘီလီယံတန်ဖိုးရှိ ဆပ်ပြာခွက်(၃၃၀၀)ခွက်အ တွင်းမှ ဘိန်းဖြူ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၂ သိန်း သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ အောက်တိုဘာလ ၁၉ ရက်နေ့ ည ၈ နာရီခွဲအချိန်က အဆိုပါမူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူ သိန်းထွန်းအောင်(ခ) ချမ်းမြေ့အောင်(ခ)ချမ်းမြေ့ အား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်က နေအိမ်တစ်အိမ်မှာ ဆက်လက်ဖမ်းဆီးရမိခဲ့တာလို့သိရပါတယ်။

ဘိန်းဖြူနဲ့စိတ်ကြွရူးသွပ်ဆေးပြားတွေကို သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူများကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ သက်ဆိုင်ရာနယ်မြေရဲစခန်းများမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *