ကလေးငယ်တွေကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့ မူကြိုဆရာမ အဖမ်းခံရ

စင်္ကာပူ၊ ဩဂုတ် ၂၉

စင်္ကာပူနိုင်ငံ Kinderland မူကြိုကျောင်းက ဆရာမတစ်ယောက်က မူကြိုကျောင်းသားလေးတွေကို  ညှင်းပန်း နှိပ်စက် တာ တွေ လုပ်ခဲ့တဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ ပြီးတဲ့နောက် ဆရာမကို ရဲတပ်ဖွဲက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

မူကြိုကျောင်းဟာ စင်္ကာပူနိုင်ငံက Woodlands Mart မှာရှိတယ်လို့သိရပါတယ်။အဲ့ဒိ မူကြိုကျောင်းက ဆရာမဟာ ကလေး တွေကို ရေအတင်းသောက်ခိုင်းပြီး စာအုပ်တစ်အုပ်နဲ့ အကြိမ်ပေါင်းများစွာ ရိုက်ပုတ်ခဲ့တဲ့ ဗီဒီယိုတွေ ပျံ့နှံ့သွား တဲ့နောက်မှာ တော့ အခုလို အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ကလေးငယ်တွေကို အဓမ္မပြုကျင့်တဲ့ ဗီဒီယိုတွေ ထွက်ပေါ်လာတဲ့နောက် တချို့မိဘတွေက အဲ့ဒိ မူကြိုကျောင်း ကနေ သူတို့ကလေးတွေကို ကျောင်းထုတ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပထမ ဗီဒီယို နှစ်ခုစလုံးမှာဆရာမက  ကလေးတွေကို အတင်းအကျပ် ရေသောက်ခိုင်းခဲ့ပြီး ကလေးတွေ အရွယ်နဲ့ မသင့် တော် တဲ့ ကြမ်းတမ်းတဲ့ ဆက်ဆံပုံမျိုးကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဗီဒီယိုတစ်ခုမှာတော့ ကလေး တစ်ယောက် အော်ငိုနေ တာ တွေ့ရပြီး နောက်တစ်ကွက်က ကလေးတစ်ယောက်လှဲနေချိန် ပါးစပ်ထဲကို ရေတွေ အတင်းလောင်းထည့်နေတာတွေ ပါတယ် လို့ သိရပါတယ်။

နောက်ဗီဒီယိုတစ်ခုမှာတော့ ဆရာမက ကလေးကို အော်ငေါက်ကာ စာအုပ်တစ်အုပ်နဲ့ အကြိမ်ကြိမ် ရိုက်နေတာ တွေ့ရတယ် လို့ ဆိုပါတယ်။

သြဂုတ် ၂၉ အင်္ဂါနေ့ မှာတော့ အသက် ၃၃ နှစ်အရွယ် မူကြိုဆရာမကို ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါ တယ်။ ရဲတွေ ကို မီဒီယာတွေက မေးမြန်းခဲ့ပေမယ့် ရဲတပ်ဖွဲအနေနဲ့ လတ်တလောမှာ တစ်စုံတစ်ခု မှတ်ချက်မပေး နိုင်သေးဘူးလို့ ပြောဆို ကြောင်းလည်း သိရပါတယ်။

Ref: CNA

ပုံစာအညွှန်းအွန်လိုင်းမှာ တက်လာတဲ့ ဗီဒီယိုထဲက မြင်ကွင်းတချို့

Feature Image credit: Internet

Leave a Reply

Your email address will not be published. Required fields are marked *