ကလော -မိတ္ထီလာ ကားလမ်းမှာ Canterယာဥ်တစ်စီး ချောက်ထဲထိုးကျပြီး ယာဥ်မောင်း သေဆုံး

ဇန်နဝါရီလ၊၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကလော -မိတ္ထီလာ သွားလမ်း ဝက်ဖြူရေ အောက်ဖက်နေရာမှာ ဇန်နဝါရီ၁၄ ရက်နေ့ ည ၉နာရီအချိန်ကCanterယာဥ်တစီးဘရိတ်ပေါက်ကာလမ်း ဘေးချောက်ထဲကျရောက်တိမ်းမှောက်မူကြောင့် ယဥ်မောင်းတဦးသေဆုံးခဲ့ရတယ်လို့ ကူညီပေးသူအချို့ဆီက သိရပါတယ်။

ပေ၃၀အမြင့်အောက်ထဲ ကားထိုးကျခဲ့တာကြောင့် ယာဥ်မောင်းဖြစ်သူဟာကားဦးခေါင်းအတွင်းညှပ်နေခဲ့ပြီး၊ယာဥ်အကူမှာထိခိုက်ဒဏ်ရာများရရှိခဲ့တာကြောင့် ကလောလူမူရေးအဖွဲ့များက၊ ကလောဆေးရုံသို့အရေးပေါ်ကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့အောင်ပန်းနာရေးကူညီမူအသင်းက ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ယာဥ်အကူနဲ့ သေဆုံးသူယာဥ်မောင်းရဲ့ရုပ်အလောင်းကို ကရိန်းကားအကူအညီနဲ့ပရဟိတအဖွဲ့တွေနဲ့ ပြည်သူတွေပူးပေါင်းက သည်ကနေ့မနက်၃နာရီအချိန်ကယ်ဆယ်ရရှိခဲ့တယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *