ကလောမြို့နယ် အတွင်း ရွှေလုပ်သားများနေထိုင်သည့် ယာယီတဲအိမ် ၇၀ ကျော်ရေနစ်သွား

ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရွှေဖုန်းမင်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်း၍ ရွှေလုပ်သားများနေထိုင်သည့် ယာယီတဲအိမ် ၇၃ လုံး ရေနစ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ မေလ ၁၁ရက် နံနက်၈နာရီ ၁၀မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလောမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ကြားရှိ နယ်ခြားချောင်းရေလျှံမှုဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါနေရာသို့ ကလောမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *