ကလောမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား (၁၅)သိန်း ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၊ တောင်ကြီး-မိတ္ထီလာသွားကားလမ်း၊ မြို့ဝင်တိုးဂိတ်အနီးမှာ ဒီဇင်ဘာ လ၁၅ ရက်ညနေ၄နာရီ၃၀မိနစ်က တောင်ကြီးကနေ က လောဘက်ကို မောင်းနှင်လာတဲ့ TOYOTA ALPHARD မော်တော်ယာဉ်က စိတ်ကြွရူးသွပ်ဆေး ပြား (၁၅)သိန်းကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ ဒီဇင်ဘာလ၁၅ ရက်ညနေ၄နာရီ ၃၀ မိနစ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ် ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ကလောမြို့၊ တောင်ကြီး-မိတ္ထီလာသွားကားလမ်း၊ မြို့ဝင်တိုးဂိတ်အနီးမှာ တောင်ကြီးကနေ ကလောဘက်ကို အောင်မျိုးထွန်း(ခ)အောင်မျိုး မောင်းနှင်ပြီး သွင်ဇာအောင် လိုက်ပါလာတဲ့ TOYOTA ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်က ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၇၅၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းကို သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *