ရှမ်းပြည်နယ်၊အောင်ပန်း-ကလောလမ်းခွဲ ကလောတိုးဂိတ်အကျော်နားမှာ ဒီဇင်ဘာလ၅ရက်မနက် ၁၁နာရီကျော်က ကားနဲ့ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူအမျိုးသား သေဆုံးခဲ့ရတဲ့ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


” ဆေးရုံရောက်ပြီးမကြာခင်ဆုံးသွားတယ်၊အနီးနားက လူတွေ ကူညီခဲ့ကြတယ်၊သေသွားတဲ့သူက အောင်ပန်းကပါ။ ခု ကလောဆေးရုံရင်ခွဲရုံမှာထားထားတယ်”လို့ကူညီပေးခဲ့သူတစ်ဦးက ပြောပါတယ်။
ဖြစ်စဥ်မှာ တောင်ကြီးမြို့နေထိုင်သူ အမျိုးသားတစ်ဦးမောင်းလာတဲ့ကားနဲ့ အောင်ပန်းမြို့ နေထိုင်သူအမျိုး သားမောင်းလာတဲ့ဆိုင်ကယ်တို့ တိုက်မိခဲ့တာဖြစ်ပြီး ဆိုင်ကယ်မောင်းသူ အမျိုးသားက ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့်ကလောဆေးရုံအရေးပေါ်ဌာနကို အနီးနားက ပြည်သူတွေနဲ့ကူညီရေးအသင်းက ပို့ဆောင်ခဲ့ကြပေမယ့် ဆေးရုံရောက်ပြီး မကြာမီ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
Visited 28 times, 1 visit(s) today



