ကလပ်မှာ ပန်းကုံးတွေ  ခဏခဏစွပ်ပြီး ကြွေးပူနေတဲ့သူက  အမေရဲ့  Rolls Royce ကားကို လိမ်ရောင်း

တရားရုံးတော်က သီတင်း၁၂ပတ် ထောင်ဒဏ်ချ

စင်္ကာပူ၊ မတ် ၂၇

ကလပ်တက်ပြီး ပန်းကုံးတွေ ခဏခဏစွပ်ရာက ကြွေးတွေပူနေတဲ့ အမျိုးသားတစ်ယောက်ဟာ အမေ့ရဲ့ ဈေးကြီးတဲ့ Rolls Royce ကား အပါအဝင် ကားနှစ်စီးကို   စာရွက်စာတမ်းအတုတွေလုပ် ရောင်းခဲ့လို့ ရဲတပ်ဖွဲက ဖမ်းဆီး စွဲချက် တင်ခဲ့တာ ဖြစ်ပါတယ်။။

တရားခံ ဖြစ်သူဟာစင်္ကာပူက “Diao Hua” ကလပ်မှာ အဆိုတော်မိန်းကလေးတွေကို ပန်းကုံးတွေ စွပ်ရင်းစွပ်ရင်းနဲ့ မကြာခင်မှာ ကြွေးတွေ များလာပြီး ကိုယ်တိုင် မဆပ်နိုင်တော့လို့ မိခင်ရဲ့ ကားတွေကို ကားအရောင်း ကိုယ်စားလှယ်ဆီအပ်ဖို့ စာရွက်စာတမ်းအတုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

အခု ပြစ်မှုထင်ရှားလို့ သီတင်း၁၂ပတ် ထောင်ဒဏ် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။မိခင်ကတော့ သူ့ကားတွေ ပြန်ရွေးခဲ့ရလို စင်္ကာပူဒေါ်လာ ၁၅၀၀၀၀ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ခုနှစ် မတ်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့ တရားရုံး စီရင်ချက်အရ တရားခံ လူကွီးလီယန် ဟာ ၂၀၂၂ခုနှစ် ဩဂုတ်လထဲမှာ ကလပ်တွေ အပေါ် ပန်းကုံးဖိုးတွေ  အကြွေးတင်ခဲ့တာ ဖြစ်ပါတယ်။

သူ့အကြွေးတွေကို ဖြေရှင်းဖို့ ပိုက်ဆံရှာမရတဲ့ အဆုံး သူ့အမေပိုင်တဲ့ ကားနှစ်စီးဖြစ်တဲ့ Rolls Royce Dawn 6.6 V12 နဲ့ Mini Cooper SE  နှစ်စီးကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပါတယ်။

၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ လူဟာ  Autoart Singapore ကားရောင်းဝယ်ရေး ကိုယ်စားလှယ်မစ္စတာ လောင်း လိဆန် ကိုဆက်သွယ်ပြီး သူ့အမေပိုင်တဲ့ ကားနှစ်စီးကို ရောင်းဖို့ လုပ်ခဲ့ပါတယ်။

Rolls Royce ကို စင်္ကာပူဒေါ်လာ ၇သိန်း ( အမေရိကန်ဒေါ်လာ ၅၁၉၄၀၀) ၊ Mini Cooper ကို စင်္ကာပူဒေါ်လာ ၁၃၀၀၀၀ နဲ့ ရောင်းဖို့  သူတို့နှစ်ယောက် သဘောတူခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှာတော့ အလိမ်ပေါ်ပြီး မိခင်ကိုယ်တိုင်က ရဲ့ကို တိုင်ချက်ဖွင့်ခဲ့ရာက ဒီနေ့မှာ အပြီး သတ်စီရင်ချက် ချခဲ့တာဖြစ်ပါတယ်။

Ref: CAN

ပုံစာ။ စင်္ကာပူတရားရုံးချုပ်ကို တွေ့ရပုံ

Feature Image Credit: CNA/Jeremy Long)

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *